သင်္ကြန် အကျနေ့ ....မနက်ပိုင်း။
လမင်း ခြံရှေ့ကို ကြည့်ရင်း မျက်နှာလေးဟာ ရှုံ့မဲ့ လို့နေ၏။
အကြောင်းအရင်းက ဘေးမှာ ပေါက်ပေါက်ဖောက်နေတဲ့
ဟန်လျှမ်း ကြောင့်သာ။ အကြိုနေ့ မနက်အစောကြီး ခန့်စေထွဋ်နောင် ရေလာလောင်းသွားတဲ့ ကီစ္စကို
သိပြီးသွားလည်း ထပ်မေးနေခြင်း။ ရေပဲလာလောင်းတာ အဖြေလာတောင်းတာမဟုတ်ဘူး ပြောလည်း မရ ၊သူလိုချင်တဲ့ အဖြေမရမချင်း မေးနေတာ ဖြစ်၏။" ကဲ...ပြောစမ်းပါ အိုက်လမင်းသာ ရာ မင်းဆီ
အဖြေလာတောင်းတာမလား လို့ ! ""မဟုတ်ပါဘူး လို့ ဘယ်နှခါ ပြောရမှာလဲကွာ "
"သေချာလို့လား "
"အင်းပါ ဆိုနေမှ "
"မင်းကို ရည်းစားစကားပြောထားတဲ့ ကောင်က ဒီအတိုင်း ပြန်သွားတယ် ဆိုတာ ဖြစ်နိုင်ပါ့မလားကွ မင်းနော်......
...မှန်မှန်ဖြေလို့""ရေလောင်းတယ် ပြီးတော့ ပြန်သွားတယ် ဒါပဲကို ဘယ်နှခါ ဖြေရအုန်းမှာလည်း အိုက်လျှမ်း ငါတစ်ကယ် နားညီးလာပြီလို့ "
"ဟွန့် ~ ဒါနဲ့ မင်းဆီကို သူတစ်ယောက်တည်း ပဲ လာတာ သေချာလား "
"အင်း သူတစ်ယောက်တည်းပဲ လာတာ"
"သန့်စင်ထွန်း မပါဘူးလား "
"မပါဘူး "
"ဘာလို့ မပါတာလဲ အရင်တိုင်း အဲ့ကောင်လေးယောက်က ခွဲမြင်လို့ မရအောင်ကို အတူတူပဲမလား "
"ဘယ် သိမလဲ။ ခန့်စေထွဋ်နောင် လာတုန်းက မနက် ၅နာရီခွဲပဲ ရှိသေးတာ "
" အဲ့လောရှည်ကောင် ကြည့်လို့ကို မရဘူး "
"မင်းကို သူဘာလုပ်လို့လဲ အိုက်လျှမ်းကလဲ ~~ "
"ဘာမှ မလုပ်လို့ကို ကြည့်မရတာ အဲ့ လောရှည်ကောင် တွေ့မယ်! "
တော်သေးသည်။ ထပ်မမေးတော့ပေမယ့် ဘာဆိုဘာမှ မသိရှာပဲ
သူ့အိမ်မှာ သူ့ဘာသာ အိပ်ပျော်နေခဲ့တဲ့ သန့်စင်ထွန်းကတော့ အခုချိန်မှာ ဟန်လျှမ်းရဲ့ ကြိမ်းဝါးခြင်းကို ခံနေရသည်။
ESTÁS LEYENDO
ချစ်ချင်လို့ ချစ်တာ ( Complete)
Romanceခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချင်လို့ ချစ်တာ'' (ခန့်စေထွဋ်နောင်)