ရစ်ကီတို့7ယောက် အတူတူဆုံတဲ့အချိန်တော့ ရှိပါတယ် ထိုအချိန်ဟာ ထမင်းစားချိန်
"မောင် ထည့်စားလေ"
ထည့်စားလေဟုဆိုကာ ဟင်းတွေအတင်းထည့်ပေးနေတဲ့ ချစ်ရသူလေး
"မောင်ထည့်စားပါတယ်နော် အခုဟန်နီထည့်ထားလို့ ပန်းကန်ထဲမှာ ဟင်းတွေတောင်ပြည့်နေပြီ"
ဟုတ်တာပေါ့ ဟာအိုကြည့်မိတော့ ဂွမ်အု ပန်ကန်ထဲပြည့်နေတဲ့ ဟင်းတွေဆိုတာ ထမင်းတွေတောင်မမြင်ရ ကျန်တဲ့ကလေး ငါးယောက်ကို အနည်းငယ်အားနာမိသွား၏
ဟန်ဘင်းမမြင်ချင်တဲ့ ဒီသောက်အရေးမပါတဲ့ အခေါ်အဝေါ်တွေ မုန်းလိုက်တာ
"hyung ကျွန်တော်အမူးပြေ စွပ်ပြုတ်လေးလုပ်ထားတယ် hyung သောက်လို့ရအောင်"
"မက်သရူးက အကောင်းဆုံးပဲ hyung သောက်လိုက်မယ်သိလား"
ဟာအို hyung မော့ကြည့်လာမည်အထင်နဲ့ ဟန်ဘင်းခမျာ မက်သရူးကို ချစ်စရာအမူအယာနဲ့ စကားပြန်ပြောလိုက်ရသေး၏ ဟာအို hyung ကတော့ သွေးအေးစွာပင်ခေါင်းတောင်ဖော်မလာခဲ့
ချစ်ရသူကိုထယ်ရယ်ကြည့်မိတော့ သူက သူ့ရဲ့မူပိုင် ပန်လေးကိုကြည့်လို့လေ နာကျင်နေရတဲ့ နုလုံးသားတစ်စုံကို ထယ်ရယ်မေ့ထားလိုက်ပြီး ချစ်ရသူကိုသာ ကြည့်နေမိပြန်တယ်
ထယ်ရယ်သိပ်သိတာပေါ့ သူရစ်ကီကိုလိုက်ခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့သလဲ ထိုကောင်လေးက အသဲမာတယ် ထယ်ရယ့်ကိုလှည့်တောင်မကြည့်ခဲ့ပါဘူး အဲ့နေ့ ထယ်ရယ်ကံကောင်းသွားတယ်ပဲပြောရမလား ဂျီဝန်း hyung နဲ့အတူရှိနေချိန်မှာ ထယ်ရယ်ကိုတွေ့သွားတဲ့ ဒီကလေးက ထယ်ရယ့်ကို တွဲကျရအောင်ဆိုပြီး ဂျီဝန်း hyung ရှေမှာပြောခဲ့တာလေ ထယ်ရယ့်ကို ချစ်လို့ပြောခြင်းမျိုးမဟုတ်ဘဲ အရွဲ့တိုက်ချင်တဲ့စိတ်နဲ့ပြောခဲ့မှန်း သိပ်သိတာပေါ့ သိရဲ့သားနဲ့လည်း ထယ်ရယ်က ရစ်ကီသဘောအတိုင်း လိုက်လျောခဲ့ပေးသေးတာ
မက်သရူးနဲ့ ဟန်ဘင်းအတူတူရှိနေတိုင်း သနားစရာကောင်းလွန်းတဲ့ မျက်နှာနဲ့ ကြည့်တက်တဲ့ hyung အဲ့လောက်တောင် ချစ်တဲ့လွန်းတဲ့သူပါလား hyung ရယ်