"ရစ်ကီ ငါမေးစရာရှိတယ်"
"အင်းမေး"
ခုံတန်းလေးပေါ်မှာထိုင်နေတဲ့ ရစ်ကီရဲ့ဘေးမှာထိုင်လာတဲ့ ထယ်ရယ်
"ငါ့ကို ချစ်ဖူးလား"တဲ့ ထယ်ရယ်မေးတဲ့မေးခွန်းက သိပ်ရိုးရှင်းတယ် ပြီးတော့ ရစ်ကီမှာလည်း ဒီမေးခွန်းအတွက်အဖြေကကောင်းကောင်းရှိနေပြီသား
"မချစ်ခဲ့ဘူးသလို ချစ်ဖို့လည်းမကြိုးစားခဲ့ဖူးဘူး"
"လမ်းခွဲကျမလား"
"မဖြစ်နိုင်တာတွေမပြောစမ်းနဲ့ ကင်မ်ထယ်ရယ် တကယ်လို့လမ်းခွဲမယ်ဆိုရင်တောင် ငါဘက်ကပဲအရင်စပြောမှာ"
"မင်းကငါ့ကို ကြိုးရှည်ရှည်နဲ့လှန်ထားတာပဲ....ငါမင်းနဲ့လမ်းခွဲချင်တယ်ရစ်ကီရာ မင်းငါ့ကိုမချစ်ဘူးမဟုတ်လား ဒီလောက်နဲ့တော်ပါတော့"
"ခင်ဗျားပဲ ဒီမီးတွင်းထဲကို ပူလောင်မယ်မှန်းသိရက်နဲ့ဝင်လာခဲ့တာပဲလေ ဒါကြောင့်ကျွန်တော့်ဆီက လွတ်မြောက်ဖို့ဆိုတာကိုဘယ်တော့မှ မတွေးနဲ့"
ပင်ပန်းတယ် ထယ်ရယ်သိပ်ကိုပင်ပန်းနေပြီ ရစ်ကီရဲ့အနှောင်အဖွဲ့တွေကြားကနေလွတ်မြောက်ချင်နေပြီ ရစ်ကီပြောတာမှန်ပါတယ် ဒီအချစ်က ပူလောင်မယ်မှန်းသိရက်နဲ့ထယ်ရယ်က ရစ်ကီကိုတွဲခဲ့တာပါ ကြာလာရင် ရစ်ကီလည်းထယ်ရယ်အပေါ် သံယောဇဉ်ရှိလာမယ်လို့တွေးမိခဲ့တာလည်း မိုက်ရူးရဲဆန်ခဲ့မိတာပါပဲ
ရစ်ကီ ဂျီဝန်းhyungကိုချစ်တယ် ဒါပေမဲ့ထယ်ရယ့်ကိုလမ်းခွဲပေးဖို့ရာကျတော့လည်း ရစ်ကီအတွက်ခက်ခဲလွန်းတယ် ဒါဟာလည်း ရစ်ကီက မရဘူးတဲ့အချစ်တစ်ခုကို လိုလားနေလို့ပင်ဖြစ်ရမည်။
~
"ဟန်နီ မောင့်ကိုတော်ရုံပဲကြည့်ပါကွာ"ဟုပြောရင်း ဟာအိုနဖူးလေးကို လာတောက်တဲ့မောင်ရယ်ပါ
"မောင်ကွာ နဖူးရဲသွားရင် ဘယ်လိုလုပ်မလဲ ပွဲကဖြင့်စတော့မှာကို"
"အသဲယားလို့...ကြည့်ပါဦး မောင့်ဟန်နီလေးက အဖြူလေးဝတ်ထားလို့ထင်တယ် နတ်သားလေးကျလို့"
"မောင်ကလည်း အနက်လေးဝတ်ထားလို့မသိ နတ်ဆိုးလိုလို သေမင်းတမန်လိုလိုပဲ"