"ဟန်ဘင်း hyung ကို ကျွန်တော်သဘောကျတယ်"
"ဟော မက်သရူးလာမနောက်နဲ့ကွာ ပါမောက္ခပေးသွားတာစာတွေနဲ့ ခေါင်းရှုပ်နေတာကို"
"ကျွန်တော် အတည်ပြောတာhyung
ကျွန်တော့် hyung ကိုချစ်တယ်... hyung အတွက်နည်းနည်းအူကြောင်ကြောင်နိုင်တယ်မဟုတ်လား ကျွန်တော်က ယောင်္ကျားလေးအချင်းချင်းသဘောကျမိနေတယ်ဆိုတာ""hyung နားလည်ပါတယ်...ဒါပေမဲ့ hyung မင်းကို ညီလေးလိုပဲချစ်တယ် ပြီးတော့ hyung မှာချစ်ရတဲ့သူရှိတယ် သူက
ဟာအိုhyungလေ""...."
"ဒီစကားတွေကို ကိုယ်တို့မပြောဖြစ်ကျဘူးလို့ပဲ ထားလိုက်ပါလား သက်သက်မဲ့ကိုယ်တို့အနေအေးလာမှာဆိုးလို့ မက်သရူး"
"hyung ကျွန်တော် နည်းနည်းရူးသွားတယ်ထင်တယ်ဗျ..အဟားဟား...ကျွန်တော်သွားပြီနော် စာဆက်လုပ်"
မက်သရူး hyung ရဲ့အရှေ့မှာတော့ ပြုံးကာထွက်လာခဲ့ပေမဲ့ အဝေးရောက်တော့
မက်သရူး ရှုံးပွဲချငိုလိုက်မိပါသေးတယ်
မက်သရူးချစ်ရတဲ့သူက မက်သရူးကိုပြန်မချစ်ဘူးတဲ့ဟုတ်တာပေါ့ ဟာအို hyung က မက်သရူးထက်တော်တယ် လူကြိုက်များတယ် ပြီးတော့ ထက်မြတ်တဲ့သူတစ်ယောက် မက်သရူးက ဘယ်ယှဉ်နိုင်ပါ့မလဲ။
~
"ဒေါက်...ဒေါက်..မက်သရူး ထမင်းစားမယ်လေ"
"hyung တို့စားနှင့် ကျွန်တော်မစားချင်သေးဘူး"
"မက်သရူး မင်းညထဲကအခန်းထဲဝင်သွားတာ မနက်စာလည်းမစား ဘာတွေဖြစ်နေတာလဲ"
"ပင်ပန်းနေလို့ပါ hyungရဲ့ ကျွန်တော်နည်းနည်း အနားယူချင်လို့"
"ဟာအို ငါပြောတယ်မဟုတ်လား တစ်ခုခုဖြစ်နေတာသေချာတယ် မက်သရူးအသံလည်းမကောင်းဘူး"
"ရစ်ကီမှာ သော့အပိုရှိမှာပဲ သွားတောင်းကြည့်ကျမလား"
"အင်း"
"ဒီမှာ hyungတို့ တောင်းတဲ့သော့ သူများအခန်းကို ဘာလုပ်ကျမလို့လဲ စပ်စပ်စုစု"
"မင်းဘာမှ မသိပဲအသာနေစမ်းပါ ရစ်ကီရာ"
"အိုကေပါ အိုကေပါ"