"ဟာအိုhyungတို့ ဘယ်ကိုဟန်နီးမွန်းထွက်ကျတာတဲ့လဲ"
"Switzerland"
မက်သရူးကို အရေးတကြီးပြောစရာရှိတယ်ဆိုပြီးခေါ်တာက ဒီမေးခွန်းမေးဖို့တဲ့လား
တကယ်ပဲဆောင်းဟန်ဘင်းကြီးကို ဒေါသထွက်လိုက်တာဟန်ဘင်းဘယ်ကနေ စကားစပြောသင့်လည်း
"ကိုယ်တို့က အခုတွဲနေကျတာလား" မဟုတ်သေးဘူး "ကိုယ့်ကို မက်သရူးကလက်ခံပေးလိုက်တယ်မဟုတ်လား" ဟန်ဘင်းရဲ့ ခေါင်းထဲမှာ စာတန်းတွေတစ်ခုပြီးတစ်ခုပေါ်လာပေမဲ့ နောက်ဆုံးထွက်လာတဲ့စကားက "ဟာအိုhyungတို့ ဟန်နီးမွန်းကဘယ်တဲ့လဲ"တဲ့ သေလိုက်ပါတော့ ဆောင်းဟန်ဘင်းရာ"မောင်လေးတို့က latteနဲ့Mochaမှာ မှာမဟုတ်လား"
"ဟိုအစ်မ latte နဲ့ Chocolate Mac Breve ပဲချပေးတော့နော်"
"ဟုတ်ပါပြီ"
"Mochaကိုကြိုက်တာ မဟုတ်ဘူးလား"
"မကြိုက်တော့တာကြာပြီ"
မက်သရူးမှာဆုံးဖြတ်ချက်တစ်ခုရှိတယ် အဲ့တာက ဆောင်ဟန်ဘင်းရှေ့မှာဆို မက်သရူး Mocha လုံးဝမသောက်တော့ဘူးဆိုတာပင်
"ပြောစရာရှိတယ်ဆိုတာ ဒါပဲလား"
"ဟို..."
"သပ်သပ်မဲ့ အလုပ်ပျက်ခံပြီး ခင်ဗျားဆီကိုလာမိတာပဲ"
"မက်သရူး ကိုယ်မေးချင်တာကလေ...ဟို...ဟို"
"ဟောဗျာ တဟိုဟိုနဲ့ ခင်ဗျားဘာဖြစ်နေတာလဲ"
"ကိုယ်တို့ဆက်ဆံရေးက ဘာလဲမက်သရူး"
"အဟွတ်ဟွတ်..."
"ရေကိုဖြေးဖြေးသောက်မှာပေါ့ အခုတော့သီးကုန်ပြီ"
အခုလိုသီးအောင်လုပ်တာခင်ဗျားပဲလေလို့မက်သရူးစိတ်ထဲကနေ ရန်တွေ့လိုက်ပါသေးသည်
"ကိုယ်မေးတာကို ဖြေဦးလေ မက်သရူး"
ဆောင်းဟန်ဘင်းတို့ကတော့ မက်သရူးကို သွေးတိုးအောင် တကယ်လုပ်နေတာပဲ
"အာ့ ဟုတ်သားပဲ CEOအီကခိုင်းထားတာရှိသေးတာပဲ ဟို...သွားတော့မယ်နော်"
"မက်သရူး မက်သရူး ခနနေပါဦးကွာ"
တကယ်ပါပဲ ဒီလူက မက်သရူးကိုအရှက်ရအောင်လုပ်နေတာပဲ အခုလည်း မက်သရူးလက်ကို ဆွဲထားပြန်ပြီ