သက်သာလာပြီဖြစ်သော်လည်း အိမ်ကိုတော့ မပြန်နိုင်သေးတဲ့ ရစ်ကီကြောင့် မက်သရူးရဲ့မွေးနေ့ပွဲက ဆေးရုံမှာပြုလုပ်ဖို့ပဲ
ဖြစ်လာရ၏"ဒါဆို ငါစားစရာတွေသွားဝယ်လိုက်ဦးမယ်"
"မက်သရူး hyungလိုက်ပေး..."
"ကိုယ်လိုက်ခဲ့ပေးမယ်"
ဂျီဝန်း hyungရဲ့စကားတိုင်းမဆုံးလိုက် ထပြောလာတဲ့ ဆောင်ဟန်ဘင်းကြောင့်
မက်သရူးလည်း သူ့ကိုသာခေါ်ဖို့ ဆုံးဖြတ်လိုက်ရ၏ သူကထတောင်ထနေပြီလေ မခေါ်လိုက်ရင် မက်သရူးမကောင်းဖြစ်မှာပေါ့"အင်း အင်း"
~
တစ်လမ်းလုံးမက်ချူးတို့ စကားမပြောဖြစ်
သူ့ဘက်ကလည်းစကားမစသလို မက်ချူးကလည်းစကားမစဖြစ်"မက်ချူး သတိထား" ဟုဆိုကာ မက်ချူးကိုလာဆွဲတဲ့ လက်တစ်ဖက်လေး ဟုတ်ပါရဲ့ မက်ချူးက အတွေးတွေလွန်ပြီ ဘေးနားက ကားကိုတောင် သတိမထားမိဘူးပဲ
"ဘာတွေတွေးနေတာလဲမက်ချူး
လာကိုယ့်ဘက်ခြမ်းကိုလာ ဒီဘက်မှာက
ကားတွေမရှိဘူး"ဆောင်ဟန်ဘင်းကတော့ လူကိုစိတ်ဆိုးခွင့်တောင် တကယ်မပေးဘူးပဲ
"စိတ်ဆိုးနေတာလား"
"မဆိုးဘူး"
"ဆိုးနေပါတယ်"
"သိရင်ပြီးတာပဲ"
ဆောင်းဟန်ဘင်းဆိုသူက မက်ချူးစကားကို သဘောကျစွာရယ်နေ၏ ထို့နောက်
"ကိုယ့်တို့ ဟိုခုံတန်းလေးမှာ ခနထိုင်ကျမလား"
"သဘောပဲ"
ခုံတန်းရှည်ကနေရာတွေအများကြီးရှိနေပေမဲ့ သက်သက်မဲ့မက်သရူးဘေးမှာလာထိုင်တဲ့ သူကြောင့် မျက်နှာတွေနီလာရပြန်တယ်
ဆောင်းဟန်ဘင်းတို့က လူကိုရင်ခုန်အောင်လုပ်လိုက်ရမှ ကျေနပ်တယ်ထင်ပါရဲ့"မက်ချူး"
"...."
မက်သရူးကဘာမှပြန်မပြောလိုက်တော့ ဆောင်ဟန်ဘင်းက သက်ပြင်းရှည်တစ်ခုကိုချကာ စကားစလာ၏