"ထယ်ယုံးhyung ကျွန်တော့်ကိုခေါ်တယ်ဆို ဘာကိစ္စ"
ထယ်ယုံးhyungက မက်သရူးတို့ရဲ့ CEO
မှန်ပေမဲ့ မက်သရူးတို့ကအရင်ထဲက ရင်းနှီးနေတဲ့သူတွေဆိုတော့ လူတွေမရှိတဲ့အချိန်ဆို
မက်သရူးက CEOအီလို့မခေါ်တော့ပဲ
ထယ်ယုံး hyung လို့ပဲခေါ်ဖြစ်၏"ဒီနေ့ မင်းအလုပ်ဆင်းလိုက်တော့"
"hyung အခုမှ 12ပဲရှိသေးတာလေ ဘယ်လိုဖြစ်လို့လဲ"
"မင်းလူလေ တစ်ချိန်လုံးဖုန်းဆက်နေတာ အလုပ်တွေကျန်သေးလား ဘယ်လောက်များလဲ ဘယ်အချိန်အလုပ်ဆင်းရမှာလဲ
မက်သရူးကို အလုပ်တွေသိပ်မခိုင်းနဲ့နော်
ဆိုပြီး ဖုန်းဆက်ပြီး နာပူနေတာတွေ ငါမခံနိုင်တော့လို့ပါကွာ"မက်သရူးကိုခေါ်ထားတဲ့ callတွေကိုတွေ့သား မကိုင်ချင်လို့ဒီအတိုင်းလွှတ်ထားလိုက်တာ သူက ထယ်ယုံးhyungကို ဒုက္ခသွားပေးနေတယ်ပေါ့
"ဘာကိုကျွန်တော့်လူလဲ မဟုတ်ရပါဘူး"
"မင်းလူမဟုတ်လို့ပဲတော်ပါသေးရဲ့ မင်းလူများသာဖြစ်ရင် ငါတောင်ရူးသွားနိုင်တယ်
ငါ့ရည်းစား ကင်မ်ဒိုယောင်းတောင် ငါ့ကိုအဲ့လောက်ဖုန်းမခေါ်ဘူး သူ့ကျမှ တကယ့်ကောင်"မက်သရူးက ထယ်ယုံးကိုအားနာတဲ့ပုံစံမျိုးဖြင့်ကြည့်လာ၏ အဲ့ဒါပါပဲ အခုခေတ်ကလေးတွေရည်းစားထားရင် ကိုယ်တွေတုန်းကလိုမဟုတ်ပါဘူး သေးသေးလေးကအစ စိတ်ပူနေကျတာ ဘာပဲဖြစ်ဖြစ်ပါလေ ဟန်ဘင်းလိုမဟုတ်ရင်တောင် တစ်ဝက်လောက်ဖြစ်ဖြစ်အိမ်ကလူက ထယ်ယုံးကိုစိတ်ပူပေးရင်ကောင်းသားလို့တော့ တွေးမိသား
"ပြီးတော့ ကုမ္ပဏီရှေ့မှာ မင်းလူစောင့်နေတယ်ပြောတယ် သွားလိုက်အုံး"
"ဟုတ်ဟုတ် hyung"
မက်သရူးလည်း ထယ်ယုံးhyungကို နှုတ်ဆက်ခဲ့ပြီး စောင့်နေတယ်လို့ဆိုသော ထိုသူဆီသို့ အပြေးဆင်းလာလိုက်၏ မက်သရူးဆင်းလာလိုက်တဲ့ မြင်လိုက်ရတဲ့မြင်ကွင်းက တကယ့်ကိုသွေးတိုးစရာပဲ ပြောတော့ သူ့ကိုလာစောင့်တာပါဆို အခုတော့ဘေးမှာကောင်မလေးတစ်ယောက်နဲ့ပါလား
ဆောင်ဟန်ဘင်းရဲ့