"မက်ချူးလေး"
အခုတလော ဟန်ဘင်းhyungရဲ့ ပုံစံတွေက ပြောင်းလဲလာတယ် မက်သရူးအလုပ်ကိုနေ့တိုင်းလာသလို မက်သရူးစားဖို့ဆိုပြီး အမြဲတမ်းလည်း တစ်ခုခုဝယ်လာတက်သေးတယ် ဒီနေ့လည်း ဘာတွေဝယ်ပြီး ရောက်ချလာပြီလဲမသိ
"မက်ချူး အတွက်ဒီမှာ ကိုယ်ကိုယ်တိုင် လုပ်လာတဲ့ ထမင်းချိုင့်လေး လာပို့တာ"
"ဆောင်းဟန်ဘင်းshi အချိန်တွေပိုနေရင်လည်း အလုပ်လုပ်နေပါလား ဘာလို့ သပ်သပ်မဲ့ဒီလိုတွေလုပ်နေရတာလဲ ကျွန်တော့်ကို အနှောင့်အယှက်ပေးရတာကို သဘောတွေ့ပုံပဲ"
မက်သရူးရဲ့ စကားတစ်ခွန်းက ဟန်ဘင်းရင်ဘက်တစ်ခုကို စုတ်ပြတ်သတ်သွားအောင် တကယ်လုပ်နိုင်တယ် မက်သရူးစကားကြောင့် ရုံကလူတွေကလည်း ဟန်ဘင်းတို့ကို အာရုံစိုက်လိုက်ကျ၏
ဟန်ဘင်းဝဲစပြုလာတဲ့ မျက်ရည်တွေကို မကျအောင်ထိန်းလိုက်ရင်း"ကိုယ်ကအနှောင့်အယှက်ပေးတာမျိုး မဟုတ်ပါဘူး....မက်သရူးမကြိုက်ဘူးဆို ကိုယ်ဒီလိုမလုပ်တော့ပါဘူး ဒါပေမဲ့ ဒါလေးတော့ယူထားလိုက်ပါနော် ကိုယ်က မက်သရူးအတွက်သေချာလုပ်ထားတာမို့....ကိုယ်သွားပြီနော် မက်သရူး"
မျက်ရည်တွေဝဲနေတဲ့hyungကိုမြင်ရတော့ မက်သရူးရင်ထဲမကောင်းမိ မက်သရူးတစ်ခါလောက် ရက်စက်ကြည့်ချင်တယ်hyung hyung ကိုကျွန်တော်ထပ်ချစ်ရမှာကိုလည်း ကြောက်မိနေတယ်
မက်သရူးရုံးကနေထွက်လာတော့ ရုံအရှေ့မှာ hyung က သူရဲ့ကားနဲ့စောင့်နေပါလေရဲ့
"မက်ချူး ကိုယ်လိုက်ပို့ပေးမယ်"
"ခင်ဗျားကို ဒီလိုတွေမလုပ်ဖို့ မှာထားတယ်လေ ဘယ်လောက်ထိပြောရဦးမှာလည်း ပြီးတော့ ကျွန်တော့်နာမည် မက်သရူးပါ
မက်ချူးမဟုတ်ဘူး""မက်ချူးဆိုတာက ကိုယ်ကဒီအတိုင်းချစ်စနိုးနဲ့ခေါ်တာပါ မက်သရူးမကြိုက်ရင်မခေါ်တော့ပါဘူး...ဒါပေမဲ့ ကိုယ်ဒီနေ့တော့ မက်သရူးကို လိုက်ပို့ပရစေ"
"ခင်ဗျားကိုငြင်းလည်းရမှာမှ မဟုတ်ပဲ" ဟုဆိုကာ မက်သရူးက ဟန်ဘင်းရဲ့ကားပေါ်တက်ဖို့ပြင်၏ ဟန်ဘင်းကလည်း မက်သရူးတက်လို့ကအောင် ကားတံခါးလေးအရန်သင့်ဖွင့်ပေးလိုက်၏