"မောင်~~~"
မခေါ်စဖူး ခပ်ချွဲချွဲလေသံဖြင့်ခေါ်လာတဲ့
ဟန်နီ့ကြောင့် ဂွန်းအုအနည်းငယ် ကြောင်မိသွား၏"မောင်လို့"
"အင်းအင်း....ဟန်နီဘာပြောမို့လဲ"
"ဟန်နီတို့လေ...ဟန်နီတို့ မောင့်မေမေကိုသွားတွေ့ရအောင်"
"ဟန်နီ!"
"ဘယ်လိုပဲဖြစ်ဖြစ်လေ မောင်ကအန်တီ့သားပဲမဟုတ်လား အခုလောက်ဆို အန်တီစိတ်ပြေလောက်မှာပါ"
ဂွန်းအုက ချစ်ရသူအတွက်မိဘကိုစွန့်ပစ်ခဲ့သူမဟုတ်လား သို့သော် ဂွန်းအုကသိပ်ကိုကံကောင်းတဲ့သူပါ ဘာလို့ဆို ဂွန်းအုဘေးမှာ သူ့ကိုအမြဲအရိပ်တကြည့်ကြည့် ကြည့်ပေးတက်တဲ့ ချစ်ရသူလေးရှိနေတာကို
"ဒါပေမဲ့ကွာ.."
"မောင်.... ဟန်နီကိုမယုံဘူးလား"
ဂွန်းအုရဲ့လက်ကိုကိုင်ပြီး အကြင်နာမျက်လုံးများဖြင့် ကြည့်လာတဲ့ ဂွန်းအုပိုင်ဆိုင်ရာလေး
ဟုတ်တယ် ဟန်နီပြောတာမှန်တယ်
အခုလောက်ဆို မေမေစိတ်ပြေမှာပါမောင်ရဲ့အိမ်သို့ ခြေချလိုက်မိတော့ ဟာအိုရဲ့ သိမ်ငယ်စိတ်ကပို၍ပင်တိုးလာ မောင်တို့လို
ဂုဏ်သရေရှိ ဥစ္စာရှိတဲ့သူတွေနဲ့
ဟာအိုလိုလူလတ်တန်းစာနဲ့ ယှဉ်လိုက်ရင်တောင် အနည်းငယ်သိမ်ငယ်လာမိတာတော့အမှန်ပင်အိမ်ထဲသို့ရောက်ပြန်တော့လဲ မောင့်မေမေရဲ့ အကြည့်တွေကြောင့် ဟာအိုလန့်လာရပြန်ပါသေးသည် ဒါပေမဲ့မောင်ကဟာအိုရဲ့လက်တွေကို တင်းကြပ်စွာကိုင်ထားသည်မို့ အနည်းငယ်တော့ စိတ်သက်သာရပါသည်
"မင်းက လက်တောင်ထပ်ပြီးပြီပေါ့" ဟုဆိုကာ စကားစလာတဲ့ မောင့်မေမေ မျက်နှာကလည်း အနည်းငယ်တင်းမာလျက်
"မိဘတွေကို တစ်ချက်လေးတောင်လှည့်မကြည့်ဘူးပဲ"
"မေမေ!"
ဟာအိုဘာလုပ်ရမလဲတကယ်မသိခဲ့
တကယ်ပဲ ဟာအိုလာခဲ့တာမှားပြီလား"မင်းက ကျန်းဟာအိုနော်"
"ဟုတ်...ဟုတ်ပါတယ် အန်တီ"