ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{19}

568 83 3
                                    

"ဘယ်လိုဖြစ်တာလဲ ထယ်ရယ်"

"ကျွန်တော့်ကြောင့်....ကျွန်တော့်ကြောင့်ဖြစ်ရတာ"

"ကင်မ်ထယ်ရယ်!!! စိတ်အေးအေးထားစမ်းပါ"

အကို့ဂျီဝန်း တစ်ချက်အော်လိုက်မှထယ်ရယ်အသိစိတ်တွေပြန်ဝင်လာခဲ့တော့တာ
ထယ်ရယ်ခုနကအချိန်လောက်အထိ အရူးတစ်ယောက်လို တုန်ရီနေခဲ့တာလေ

"အဲ့အကောင်ဘယ်မှာလဲ ငါသူ့ကိုတကယ်သတ်မှာ"

"ကင်မ်ဂယူဘင် မင်းစိတ်လျော့စမ်း
ဇွတ်မလုပ်ချင်စမ်းနဲ့ သူကိုရဲတွေဖမ်းမိသွားတယ် ဒါကြောင့်မင်းအသာနေ"

ရစ်ကီ မင်းဘာမှမဖြစ်ရဘူးနော်
ဒီမှာကြည့်ပါဦး မင်းကိုစိတ်ပူနေကျတဲ့
လူတွေအများကြီး ငါတို့အကုန်လုံး ဆေးရုံးကိုရောက်နေကျတယ်သိလား မင်းကြောင့်လေ ဒါကြောင့်ကျေးဇူးပြုပြီး ပြန်နိုးထလာပေးစမ်းပါ ရစ်ကီရာ

ထယ်ရယ်ဆုတောင်းနေတာ ဘယ်နှစ်ကြိမ်မြောက်မှန်းလည်းမသိတော့ ရစ်ကီသာမရှိတော့ရင်လို့ ထယ်ရယ်တွေးမိတိုင်း ထယ်ရယ့်မျက်ရည်တို့ဟာ အဆက်မပြတ်ကိုကျဆင်းလာခဲ့တော့တာပါပဲ

"လူနာရစ်ကီရဲ့ အုပ်ထိန်းသူတွေလားမသိ"

"ဟုတ်ပါတယ်ဗျ ကျွန်တော့်နာမည်
ကင်မ်ဂျီဝန်းပါ"

"ကင်မ်ဂျီဝန်းshi ဓားရာက အနည်းငယ်တော့နက်သွားပေမဲ့ လူနာက‌ကံကောင်းစွာနဲ့ ဘာမှမဖြစ်ခဲ့ပါဘူး ဒါကြောင့်အားလုံးစိတ်အေးလို့ရပါပြီ"

"ကျေးဇူးတင်ပါတယ် ဆရာရယ်တကယ်ပါ"

"မဟုတ်တာဗျာ...လူနာကဆေးအရှိုန်ကြောင့် နိုးလာဖို့တော့ကြာပါလိမ့်မယ် အခုလည်းလူနာအခန်းထဲရွှေ့ပြီးပြီဆိုတော့ အားလုံးသွားချင်သွားလို့ရပါပြီ"

"ဟုတ်ကဲ့ဗျ"

ထယ်ရယ်မျက်ရည်တွေကို တစ်‌ချက်သုတ်လိုက်ပြီး ရစ်ကီရှိတဲ့လူနာခန်းသို့ မြန်ဆန်စွာသွားလိုက်၏ အိပ်နေတာပဲ ထယ်ရယ့်နတ်သားလေးက အေးချမ်းစွာအိပ်ဆက်နေတာ

~

"ထယ်ရယ် ပြန်တော့လေ မင်းနေနေတာကြာပီမဟုတ်လား"

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now