ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇ{7}

641 73 2
                                    

"ဟန်ဘင်းhyung ကအတော်လွန်တယ်"

"အဲ့လိုကြီးတော့ သူများကိုမပြောသင့်ဘူး"

ဂယူဘင့်ရဲ့စကားကြောင့် ယူဂျင်း
ဒေါသထောင်းခနဲ့ဖြစ်လာ၏ အဲ့တာပြောတာ လူတွေက သူတို့လိုမျိုးလူတွေကို‌ဆို
ကိုယ်ချင်းစာစိတ်တွေရှိလိုက်ကျတာ
အပြည့်ပဲ

"ဘယ်လောက်ကြီးပဲ ဟန်ဘင်းhyung နဲ့
ခင်ခင် အဲ့လောက်ထိဘက်လိုက်စရာမလိုပါဘူး"

"ဟာ..ဘက်လိုက်တာမှမဟုတ်ပဲ မင်းကအငယ်လေ အကြီး‌ကို ဒီလိုပြောတော့ဘယ်ကောင်းမလဲ"

ရုတ်တရက် ယူဂျင်းကိုဒေါသထွက်စွာ အော်လာတဲ့ ဂယူဘင်ကို ယူဂျင်းစိုက်ကြည့်နေမိလိုက်သည်

"အ့ာ... hyung ကအော်လိုက်တာမဟုတ်ဘူးနော် ဒီအတိုင်း ယူဂျင်းလေးအတွက်ပြောလိုက်တာ"

အဲ့လိုပါပဲ သူမဟုတ်တာတစ်ခုခုလုပ်မိတာနဲ့ သူ့ကိုယ်သူ "hyung" လို့သုံးတက်တဲ့အကျင့်

"တော်ပါ ခင်ဗျားကော ဟန်ဘင်းhyungကော အတူတူပဲ ဘယ်တော့မှ တစ်ဖက်လူရဲ့ ခံစားချက်ကိုလှည့်မကြည့်ဘူး"

"တစ်ဖက်လူရဲ့ ခံစားချက်?...ယူဂျင်းဆိုလိုတာက?"

"ဘာ...ကို...ဆိုလိုရမှာလဲ...သွား..ပြီဗျာ
ဂျီဝန်း hyung ခေါ်ထားတာရှိတယ်"

ယူဂျင်းကိုကြည့်ရင်း ဂယူဘင်ခိုးကာရယ်လိုက်မိ၏ မဟုတ်မလွဲ ဒီကလေးကလည်း
ဂယူဘင့်လိုမျိုး.....

~

မျက်နှာကျက်ကိုဟန်ဘင်းအသက်မဲ့စွာကြည့်ရင်း ဖြစ်ခဲ့သမျှကိစ္စတွေကို ရနိုင်သလောက် စဉ်းစားကြည့်ပါသေးတယ် ဘာလို့ ဟိုတယ်ရောက်ပြီး နောက်ပိုင်းကိစ္စတွေကိုမှ
ဟန်ဘင်းက drama ကားတွေထဲကလို တစ်ခုမှ မမှတ်မိရတာလဲ ဟန်ဘင်းအိမ်ကထွက်လာပြီးချင်း ဟန်ဘင်းအဖေကို အတင်းပူဆာလိုက်ကာ ဝယ်လိုက်တဲ့ကွန်ဒိုမှာနေရတာ တစ်ရက်ပြည့်တဲ့နေ့ပဲ ဘာလို့လဲမသိ အနည်းငယ်ခြောက်ကပ်လွန်းနေတဲ့ ပတ်ဝန်းကျင် အရင်ကလို ဟန်ဘင်းမူးနေရင် အမူးပြေဟင်းရည်ချက်ပေးတဲ့ ကောင်လေးကလည်းမရှ်ိနေပြန်

ဘာလဲအခုဟန်ဘင်းက မက်သရူးကို လွမ်းနေတာလား အဓိပ္ပာယ်မရှိလိုက်တာ ဟာအို hyung ပြောသလိုမျိုး ဟန်ဘင်းနောင်တ‌ရ‌‌
နေတာများလား အရင်ကဟာအိုhyung‌ပြောခဲ့တဲ့ ဒီစကားတစ်ခွန်းကို ဟန်ဘင်းအသဲထဲစွဲတဲ့အထိ မှတ်မိပါသေးတယ် "မက်သရူးကို မင်းဒီလိုအနိုင့်ကျင့်နေသိလား မင်းတစ်နေ့ကောင်းကောင်း နောင်တရမယ်" တဲ့ ဟန်ဘင်း အခုတော့ နောင်တဆိုတာကြီးကို ခံစားနေရပြီထင်ပါရဲ့

ᴏɴᴇ-sɪᴅᴇᴅ ʟᴏᴠᴇWhere stories live. Discover now