( Unicode )
သာယာတဲ့ မနက်ခင်းလေးမှာ ကျေးငှက်သံတွေမကြားနိုင်တဲ့အပြင် ဆူညံနေတဲ့အိမ်လေးတစ်အိမ်ရှိလို့နေပါတယ်။
" လာလီဆာ ငါမေးနေတယ်လေ ဘယ်နှစ်မှ အောင် အောင် ဖြေမှာလဲလို့ "
" ကျစ်!!!လီလီ မှ စိတ်မပါတာ ပါပါးကလည်း "
ပေတေတေနဲ့ဂျစ်ကန်ကန် လေသံနဲ့ ပြန်ဖြေပေမယ့် လီဆာ့အသံက မထိတထိ။
လီဆာ အသက်က 18 ပေမယ့် ဆယ်တန်းမအောင်မြင်သေးပါ။" မင်း စိတ်ဝင်စားတာဘာရှိလဲ အားနေ သူငယ်ချင်းတွေနဲ့ဆိုင်ကယ်ပြိုင်စီးမယ် Club တက်မယ် အရက်သောက်မယ် ရည်းစားနဲ့ချိန်းမယ် ဖဲရိုက်မယ် မင်းဒါပဲစိတ်ဝင်စားတာလေ "
" ဒီလောက်အပျော်အပါးမက်တာ ဘယ်လို ဆယ်တန်းအောင်မလဲ 18 နှစ်နဲ့ ဆယ်တန်းမအောင်တာ မင်းမရှက်တတ်ဘူးလား "
" မရှက်ပါဘူး လီ့လီ့ သူငယ်ချင်းတွေလည်းအတူတူပဲ ကို ပါးပါးကိုသာပြောရမှာ လီ့လီ့ကို မအောင်မှန်းသိရက်နဲ့ ထပ်ခါထပ်ခါ ဖြေခိုင်းနေရတာမမောဘူးလား ပါးပါး မမောပေမယ့် လီလီတော့ နားမခံနိုင်တော့ဘူး သွားတော့မယ် "
" ဟိတ်ကောင် ငါပြောနေတာမပြီးသေးဘူးနော် "
လီဆာ ထွက်သွားဖို့ပြင်နေတာကို မစ်စတာ မာနိုဘန်း
လက်မောင်းကိုဆွဲထားတယ်။
ဒေါသထွက်နေတာမို့ မျက်နှာတွေပါနီမြန်းနေတယ်။
မစ်စတာ မာနိုဘန် မစ် မာနိုဘန်က ဝင်ဆွဲလေရဲ့။" အဖေကြီးရယ် စိတ်လျှော့ပါ လီလီလည်း ဒီနေ့တော့အိမ်မှာနေလိုက်လေ "
" ဟာ မရဘူး မာမား ချယ်ယောင်းတို့နဲ့ ချိန်းထားတာ ဒီနေ့ကကြေးကြီးတယ် ပါပါး လွှတ်ဗျာ သွားတော့မယ် "
" ဟိတ်ကောင်!!! "မစ်စတာ မာနိုဘန်း ကျိန်းနေရင်းကို မရမက ထွက်သွားခဲ့ပါတယ်။
အိမ်ရှေ့မှာ ဘော်ဒါတစ်စုက ဆိုင်ကယ်တွေ ဟွန်းတီးလို့ ခေါ်နေခဲ့တာကို။" လာပါပြီကွ မင်းတို့ကလည်း "
လီဆာလည်း သူ့ကလစ်ဘိမ်းဆိုင်ကယ်အနီပေါ် တက်ထိုင်ရင်းအော်ပြောလိုက်တယ်။
လီဆာတို့အဖွဲ့ကလူနည်းပါတယ် လီဆာ ချယ်ယောင်း ဆိုမီ ဒီလောက်ပဲ။