Ep - 26

1.9K 102 17
                                    

( Unicode )

မနက်ကတည်းက မောင့် အပါးက လေယာဉ်ကွင်းကနေ ဆေးရုံကို တန်းလာခဲ့ပြီး မောင့် ကိုအတော်လေးစိတ်ပူနေခဲ့ပါသည်။
မောင့် အမားတို့လည်းအခု မောင့်ဘေးနားရှိနေကြပါပြီ မောင့် အခြေအနေကို မောင့် အပါးရောကျွန်မပါ ဆရာဝန်နဲ့ပြောထားဆိုထားကြပါပြီ။
မောင့်ခြေထောက်က ကျောက်ပတ်တီး နှစ်ပတ်လောက် စည်းထားရမှာဖြစ်ပြီး ခြေထောက်ကပုံမှန်လမ်းပြန်လျှောက်နိုင်ဖို့အတွက် လေ့ကျင့်ခန်းများများလုပ်ပေးရမည်ဟု ဆရာဝန်က အသေးစိတ်ရှင်းပြခဲ့သည်။
ညာဖက်ခြေထောက်လွဲရင် ကျန်တာစိုးရိမ်စရာမရှိတော့ပါဘူးဆိုသောကြောင့်လည်း စိုးရိမ်စိတ်တစ်ဝက်လျော့ရပါသည်။

မောင့် မိဘတွေပြန်သွားတော့ မောင့် သူငယ်ချင်းများနဲ့ ဂျီဆူး က မနက်စာသွားဝယ်မည်ဟုဆိုကာ ထွက်သွားကြပါသည်။
အခု ဆေးရုံကုတင်ပေါ်က မောင့် အား ကျွန်မ ရေပက်တိုက်ပေးနေရသည်...မောင်က တော့ထိုင်လျက်သားပေါ့။

" မမ... "

" ပြောလေ မောင် "

" မောင့် အိတ်ကော "

" ရှိပါတယ် မောင်ရဲ့ မ သိမ်းထားတယ် "

" မောင့် ကိုပေးပါလား "

" ဟုတ်ပြီနော် ယူပေးမယ် "

မမ က လီလီ့ ကို အင်ကျီ အရင်ဝတ်ပေးသည်။
လီလီ ဆန်ဒစောစွာအိတ်ကိုတောင်းနေမိတာက အဲ့အိတ်ထဲမှာ မမ ကို ပေးဖို့ဆွဲကြိုးလေးထည့်ထားတာကြောင့်ပါ။
မမ မနေ့ကလီလီ့ ကြောင့် ဝမ်းနည်းနေမယ်ဆိုတာ လီလီ သိထားတာမို့လည်း မြန်မြန်ပေးချင်နေခြင်းဖြစ်ပါသည်။

" ဒီမှာ ‌မောင့်အိတ် "

မောင် က အိတ်ထဲက တစ်ခုခုကို ရှာနေပုံပါပဲ။
မောင့် လက်တစ်ဖက်က ပိုက်ဖောက်ထားရတာမို့ အားမရစွာပဲ တစ်ဖက်တည်းနဲ့အသည်းအသန်ရှာနေတာကြောင့် ရှာပေးမယ်ပြောလည်း မဟုတ်ဘူးတဲ့။

" မောင် ရယ် ဘာတွေရှာနေတာလဲ "

" အာ...တွေ့ပြီ မမ မျက်လုံးမှိတ်ထား "

မောင်က သူ့လက်ကို အိတ်ထဲကမထုတ်ဘဲ ပြုံးရွှင်စွာပဲ စကားဆိုလာသည်။
ကျွန်မလည်း မောင့် အလိုကျ မှိတ်ထားပေးလိုက်သည်။

DON'T NEVER CHANGE Where stories live. Discover now