( Unicode )
လီလီ က ရွာကိုရောက်ရင်ဇွဲကြီးတယ်ပဲပြောရမလား
စောစောထတတ်တယ်။
လီလီ့ ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ မမ နှဖူးလေးကို တစ်ချက်နမ်းပြီး လီလီ အိပ်ယာထခဲ့တယ်။" ဟာ...လီလီ တူလေး အစောကြီးပါလားကွ "
" ဦးချိုင်းကလည်း လီလီ ဒီရောက်ရင် ဦးချိုင်းသိပါတယ် "
" အေးပါကွာ...မိန်းမနဲ့မနက်စာစားပြီးမှ လျှောက်လည်ရမယ်နော် လီလီ "
" ဟား" ဒါတော့ ဦးချိုင်းမပြောလည်း လီလီကသိတယ် "
လီလီ မမ အနားကခွာမှာမဟုတ်ဘူး။
မမ ကို မနက်စာစားပြီးရင် ရွာအနှံ့လိုက်ပြမယ်လို့
လီလီကစိတ်ကူးထားပြီးသား။
လီလီ ရေမိုးချိုးပြီး အခန်းထဲပြန်ရောက်တာတောင် မမ က မနိုးသေးပါဘူး အိပ်နေတုန်း။
လီလီ ဖုန်းနာရီကြည့်တော့ ၇ နာရီခွဲသာရှိသေးတာကြောင့် မမ အိပ်ပါစေဆိုပြီး ချယ်နဲ့ဆိုမီ အခန်းရှိရာဆီထွက်ခဲ့တယ်။လီလီရောက်တော့ ဒီကောင်တွေလည်းအိပ်တုန်း။
ချယ်တို့ကိုအတင်းနိုးနေမိတယ် လီလီ ပျင်းတာကြောင့်လေ ။" ယျောင့် လီဆာ မင်းမိန်းမနဲ့သွားနေပါကွာ ယျောင့် ငါအိပ်ချင်သေးတယ်ကွ "
" မမ အိပ်နေတာ...ယျောင့်ဆိုမီ မင်းလည်းထတော့ "
" မထချင်ဘူး မကိုင်နဲ့ကွာ မင်းလက်တွေကလည်းအေးစက်နေတာပဲ သရဲလက်ကျလို့ ယျောင့်ငါမထချင်သေးဘူး လီဆာရ "
လီဆာ ချယ်နဲ့ဆိုမီ ကို မရမကနိုးပြီး ရေအတင်ချိုးခိုင်းတယ်။
ချယ်နဲ့ဆိုမီ က အပေါ်ပြန်တက်မယ် တဂဲဂဲလုပ်နေလို့ လီဆာ အတင်းဆွဲထားရတယ်။
နှစ်ယောက်လုံးကို ခေါင်းပေါ်က ရေလောင်းလိုက်မှ ရေချိုးကြတော့တာပေါ့။" မင်းက အရမ်းပဲကွာ လီဆာရာ... "
" ငြီးမနေနဲ့ ချယ်ယောင်း...မြန်မြန်ချိုး "
" အမဂျဲနီ မင်းမှာရှိတယ်လေကွာ...ငါကဘာမှရှိတာမဟုတ်ဘူး အိပ်မက်ထဲမှာ Crush လေးနဲ့သာယာနေတာကိုမင်းမို့ "
" Seoul ရောက်ရင် ဖွင့်ပြောလိုက်လေ ဆိုမီရ "
ချယ်ယောင်းနဲ့ဆိုမီ က အဝတ်လဲဖို့အခန်းထဲဝင်သွားတော့ လီလီ ကိုယ့်အခန်းကိုယ်ပြန်လာလိုက်တယ်။
မမဆူး နဲ့တောင်တွေ့သေးတယ်။
အခန်းထဲပြန်ရောက်တော့ မမ က ထပြီး ခြင်ထောင်တောင်သိမ်းနေလေပြီ။