( Unicode )
တီးတောင် တီးတောင်
ဂျီဆူး တိုက်ခန်းတစ်ခန်းရဲ့ရှေ့တွင်ရပ်ကာ ဘဲလ်ကို အဆက်မပြတ်နှိပ်နေခဲ့သည်။
သို့သော် တံခါးကပွင့်မလာခဲ့ပါ။ကျွတ်စ်
သူမ စိတ်မရှည်သည့်ဟန်ဖြင့် စုတ်တစ်ချက်သပ်လိုက်ကာ password ကိုသူမ ဘာသာဖွင့်ပြီး ဝင်လိုက်ရပါတော့သည်။
" ဂျဲနီ...အိပ်ယာမထသေးဘူးလား "
" နင့်ကိုအန်တီတို့က ဒီနေ့အိမ်လာခဲ့အုံးတဲ့ ထတော့ "
ကျွန်မဝယ်ခဲ့သည့် Sandwich နှင့် Cola တစ်ဘူးအား မီးဖိုချောင်ထဲရှိ စားပွဲပေါ်တွင်တင်လိုက်ပြီး ဂျဲနီကို နိုးလိုက်သည်။
ပြောပြောဆိုဆိုနှင့် ဘေစင်ကိုကြည့်တော့ ဝိုင်တစ်ပုလင်းနှင့်အရက်ခွက်တစ်ခွက်ကိုတွဲမြင်ရလေတော့သည်။" ဟူး... "
ကျွန်မ သက်ပြင်းချလိုက်မိတယ်။
တကယ်ပဲ ဂျဲနီ လီဆာနဲ့ကွာပြီးကတည်းက လေလွင့်နေခဲ့တာ ၂ ပတ်တောင်ကျော်နေပြီ။
တခါမှမလုပ်ဖူးတဲ့အထူးအဆန်းတွေလုပ်တယ် ဆံပင်ရှည်တွေကို ညှပ်ပစ်တယ် အန်တီတို့နဲ့မနေဘဲ တိုက်ခန်းကိုပြောင်းနေတယ် နေ့စဉ်မပြတ် ဝိုင်နီတွေသောက်တယ် အမြဲActiveဖြစ်နေတဲ့သူက အခုဆို မိုင်တွေတွေ တစ်နေ့တစ်နေ့ တိုက်ခန်းအထဲကကို မထွက်တတ်တော့ဘူး စားချိန်သောက်ချိန်အိပ်ချိန်လည်း သူမမှန်တော့ဘူး ဒီလိုတွေဖြစ်နေတာကိုမမြင်ချင်လို့ လီဆာနဲ့ပြန်ပေါင်းပါဆိုတာကို ကျွန်မအကြိမ်ကြိမ်ပြောနေလည်း အခုလို တရက်စပ်ပြောနေလည်း သူပြန်ပြောတာကတော့..." မောင် လိုချင်တာ ငါမဟုတ်ဘူး "
" ကျွတ်စ်...နင်ဘာလို့အဲ့လိုပြောရတာလဲ ဟမ် နင့်သားလေးမျက်နှာရောနင်မထောက်တော့ဘူးလား နင့်သားလေးကတော့ နင့်ကိုလိုအပ်တယ်လေ "
ဂျဲနီ သူမ အင်ကျီ ပေါ်မှာ စိုနေတဲ့ နို့ရည်တွေကို ဘေစင်ေဘာင်ပေါ်တင်ထားတဲ့ တစ်ရှူးနဲ့သုတ်ချလိုက်တယ်။
ပြီးနောက် ရေစိုနေတဲ့သူမ မျက်နှာကို ပဝါနဲ့သုတ်လိုက်ပြီး ဂျီဆူးကိုလှည့်ကြည့်လာတယ်။" ဆူးရယ်တော်ပါတော့ ငါ့ကိုနေ့စဉ်ရက်ဆက် နင်ဒါပဲပြောနေတော့မှာလား "