( Unicode )
" ရွံစရာကောင်းတဲ့ကောင် "
" မမ... "
မောင့် ရဲ့ ပွင့်ဟကျသွားတဲ့ နှုတ်ခမ်းအမူအယာ ၊
အံ့ဩမှုတစ်စုံတစ်ရာပါဝင်နေတဲ့ မျက်လုံးအကြည့်တွေဟာ အပြစ်ကင်းချင်ယောင်ဆောင်တဲ့နေရာမှာ အမှတ်ပြည့် ပါပဲ...။" ထပ်ပြီး ရွံစရာကောင်းတဲ့ကောင် တဲ့လား "
" မောင် က အဲ့လူနဲ့ယှဉ်ရင် ရွံစရာကောင်းတဲ့ကောင် အဆင့်သာသာလား မမ ရယ် "
မမ ဟာ လီလီ့ အား မျက်ရည်အဝိုင်းသာဖြင့် ပြည့်နေသော မျက်ဝန်းများဖြင့် ကြည့်နေရာမှ နံရံဘက်သို့ အကြည့်များလွှဲသွားခဲ့သည်။
အနာတရဖြစ်ခဲ့တဲ့နှလုံးသားက ဒဏ်ရာဟောင်းဟာ တဆစ်ဆစ်ပြန်နာလာခဲ့တယ်...ပျောက်ပြယ်ခါနီးမှ ဘာကြောင့်များ အနာရွတ်ကို ဆွဲခွာပစ်ရသလဲ မမ ရယ်။
" မင်းအသွေးအသားတွေ ငါ့ကိုယ်ထဲစီးဆင်းနေတာကိုယ့်ကိုယ်တောင် မသတီဘူး လီဆာ "
ခွမ်း!!!!
မောင် ဟာ ကျွန်မ စကားပြောပြီးတာနဲ့ အိပ်ခန်းထောင့်ရှိ ပန်းအိုးကို ခွဲပစ်လိုက်တယ်။
ကျွန်မ ရုတ်တရက်လန့်သွားပြီး မောင့်ကိုကြည့်တော့ မောင့် မျက်နှာအမူအယာဟာ အဲ့ဒီ့နေ့ ကျွန်မသည်းခြေခိုက်အောင် ကြောက်လှန့်ခဲ့ရတဲ့ နေ့တုန်းကနဲ့ တစ်ပုံစံတည်းဖြစ်နေခဲ့တယ်။" အတော်လေးရွံနေလား...အဲ့ဒီ့လူနဲ့ပြန်တွေ့တော့ အချစ်ဟောင်းတွေပြန်စပြီး နှစ်ကိုယ်တူဇာတ်ခင်းမလို့ ဘာမှအပြစ်မရှိတဲ့ကလေးကို ဖျက်ချချင်နေတာမလား "
" နင့်စိတ်နဲ့နှိုင်းပြီးရိုင်းမနေနဲ့!!! "
မောင့်ကို ဒေါသထွက်ထွက်နဲ့ပြန်အော်မိနေပေမယ့် ဝမ်းလည်းနည်းပြီး ရှက်မိတယ်။
ကျွန်မ ကို မောင်မို့ ဒီလိုစွပ်စွဲရက်တယ်။" တကယ်တမ်း ဖောက်ပြန်နေတာ နင်လေ ဘာလို့ ငါ့ကိုလာစွပ်စွဲနေရတာလဲ "
" ဂျူဆော့ယောင်းနဲ့Hotelသွားရတာ တော်တော်အရသာတွေ့နေလား...ပန်းခြံထဲမှာ ဖက်ထားရတာ နင်အတော်ကြိုက်နေလား! "