( Unicode )
" ဂရုစိုက်နော် လီလီလေး မာမား ဦးချိုင်းကို သေချာပြောထားပေးတယ်နော် "
" ဟုတ်ကဲ့ မား လီလီ ဟိုရောက်ရင်ဖုန်းဆက်လိုက်မယ် ဪ ဦးဦးနဲ့အန်တီ မမ ကို စိတ်မပူပါနဲ့ လီလီ ဂရုစိုက်ပါ့မယ် "
" ဟုတ်ပါပြီ ကွာ...ကဲ ကဲ သွားကြတော့ နောက်ကျနေအုံးမယ် "
အန်တီ တို့ ဦးလေး တို့ အမားတို့အပါးတို့ကို သူနှုတ်ဆက်တာမပြီးတော့ပါဘူး ရောက်နေတာ တစ်နာရီလောက်ရှိနေပြီ အခုမှကားပေါ်တက်သည်။
ကျွန်မ အနားဝင်ထိုင်ပြီး ၊ ချယ်တို့ကတော့ ကျွန်မတို့နောက်မှာ ဆူးကတော့ ကားခေါင်းခန်းမှာ Driver နဲ့ပေါ့။" မမ... "
" လီလီ့ နှုတ်ခမ်းကို Vaseline လေးလူးပေးပါလားဟင် "
ကျွန်မကို အသနားခံပေမယ့် လူးပေးချင်စိတ်မရှိတာမို့ အိတ်ထဲက Vaseline ဗူးကိုသာ ထုတ်ပေးဖြစ်တယ်။
" ရော့ ကိုယ့်ဘာသာလူးလိုက် ငါအိပ်ချင်နေတယ် စကားမများနဲ့တော့ "
မမ က လီလီ့လက်ထဲအား Vaseline ဗူး အတင်းထိုးပေးပြီး လီလီ့ကိုကျောပေးကာ ကားမှန်ပြတင်းပေါက်ဘက်ကိုလှည့်သွားသည်။
မမ က လီလီ့ကို မလူးပေးချင်တော့လည်း လီလီ အတင်းမတောင်းဆိုဝံ့ပါ တင်းပြီးကျိန်းစပ်စပ်ဖြစ်နေတဲ့အောက်နှုတ်ခမ်းက မမပေးထားတဲ့ဒဏ်ရာလှလှကို ဖုန်းမှန်ထဲ၌မြင်ရ၍ပြုံးနေမိသည်။" လီ...ကျွန်မလူးပေးမယ်လေ "
လီဆာ အနောက်က ချယ်ယောင်း ပြောင်စပ်စပ်နဲ့လီဆာ့အားစနေသည်။
လီဆာ အော်ချင်သော်လည်းမအော်ရဲဘဲ အကြည့်နဲ့ခြိမ်းခြောက်ကာ တိုးတိုးလေး ချယ့်ကိုဆဲလိုက်သည်။" စောက်ခွက်မပြောင်နဲ့... "
" မမ အိပ်နေတယ် မင်းနဲ့ရန်မဖြစ်ချင်ဘူး ဟိုရောက်မှတွေ့မယ် "
ချယ့်အား လီဆာက ပြောရင်း ရှေ့သို့ပြန်လှည့်သွားသည်။
ချယ် ခိုးကြည့်တော့ လီဆာက သူ့နှုတ်ခမ်းအားသူ့ဘာသာဆေးလူးနေပြီး အမဂျဲနီ ကို ကြည့်မိတော့ အိပ်နေသည်မဟုတ် အပြင်ဘက်သို့သာ ကြည့်နေခြင်းဖြစ်သည်။
အမ ဂျဲနီ လီဆာ့အား နည်းအမျိုးမျိုးနှင့်ပယ်ထုတ်နေခြင်းဖြစ်သည်ဟု ချယ်တွေးကာ လီဆာ့အတွက်စိတ်မကောင်းဖြစ်ခဲ့ရသည်။