Ep - 14

2.1K 107 19
                                    

( Unicode )

ကျွန်မ မျက်ကြောများကတစ်ဆစ်ဆစ်ကိုက်ခဲပြီး ခေါင်းတစ်ခုလုံးကိုလည်း ကျဉ်ထုံထုံ ဖြစ်နေသည်။
ကျွန်မ မနေ့ကအရမ်းများသွားတာကြောင့် ဒီလိုဖြစ်မယ်မှန်း ကြိုတွေးထားပေမယ့် အတော်လေးဒဏ်ပါနေတော့ အိပ်ယာပေါ်ကမထချင်လှအောင်ဖြစ်နေသည်။

ကျွန်မနိုးလာတော့ ကျွန်မရင်ခွင်ထဲမှာ သူအိပ်စက်နေပါသည်။
ကျွန်မ ခါးတွေကိုဖက်တွယ်ထားပြီး သူ့မျက်နှာကိုတောင် ပေါ်လွင်စွာမမြင်ရ ရင်ခွင်ကြားထဲ ခေါင်းမြှုပ်နေခြင်းကြောင့်ဖြစ်သည်။
ကျွန်မ မျက်မှောင်များကြုံ့လိုက်ကာသူ့အား ကြည့်နေမိသည်။

" လူဆိုးကောင်... "

" ဘာလို့မင်းမျက်နှာက အပြစ်ကင်းတဲ့ပုံပေါက်နေရတာလဲ ဟမ် "

ကျွန်မ ဘာသာကြားရုံမျှအသံနဲ့ စိတ်တိုကာ ပြောလိုက်မိသည်။
တကယ်လည်း သူက ဆိုးပါသည် ၊ အဲ့နေ့တုန်းကတော့ ကြမ်းတမ်းပုံကသူ့ထက်ဆိုးတာမရှိနိုင် မနေ့ကကျပြန်တော့လည်း နူးညံ့ပုံများ ကျွန်မကို ရူးအောင်လုပ်နေသလားအောက်မေ့ရပါသည်။

အခုလည်း သူကတော့ အပူပင်ကင်းကင်းနဲ့အိပ်နေနိုင်တာပေါ့။
ကျွန်မ သူ့ကိုနိုးရမည် ၊ အခြားသော ကိစ်စများ ရှိနေသည်အတွက်၊ မနေ့ညက ကျွန်မတို့ အခန်းထဲဝင်တော့ သူငယ်ချင်းတွေက ဘယ်လိုကျန်ခဲ့လဲ မသိခဲ့ကြတော့ပြီလေ။

ဂျဲနီ လီဆာ့ ကို အသံတိုးတိုးနဲ့နိုးလိုက်တော့ လီ‌ဆာက သူမရင်ခွင်ထဲလူးလွန့်ကာ ကလေးလေးတစ်ယောက်လို ဂျီကျနေသည်။

" လီဆာ...ထတော့လို့ "

ကျွန်မနိုးတော့ တအင်းအင်းတအွန်းအွန်း နဲ့ မထချင်တတ်ဘူး သူ။
နိုးလိုက်မိတာ ကျွန်မပဲမှားလားမသိ ကျွန်မ ရင်သားတစ်ဖက်ကို စို့နေလေပြီ မျက်စိကမပွင့်တတ်ဘူး။

ပြွတ်စ် ပြွတ်စ် ပြွတ်စ်

" ကလေးလုပ်မနေနဲ့ ထတော့ သူငယ်ချင်းတွေကိုသွားကြည့်ရအုံးမှာ "

" မမ... "

ကျွန်မရင်သားတစ်ဖက်ကို ကိုင်ရင်း သူ့လက်မက ကျွန်မ ထိပ်သီးကို ပွတ်‌ပြီး ကျွန်မကို အဲ့ Puppy eyes တွေနဲ့ ကြည့်လာတယ်။
သူ့နှုတ်ခမ်းတွေ ပေါက်လို့ ၊ မနေ့ကဒေါသနဲ့ကိုက်လိုက်မိတာ အခုတော့သူပြောနေပြီလေ " လီလီ့ နှုတ်ခမ်းတွေနာတယ် " တဲ့လေ။

DON'T NEVER CHANGE Where stories live. Discover now