( Unicode )
" ယျောင့် ချယ်ယောင်း လီဆာ ဟန်မှဟန်သေးရဲ့လား အရေးတဲ့မှ ဒီကောင် အခုထိဖုန်းစက်ပိတ်ထားတယ်ကွ "
ချယ်နဲ့ဆိုမီ အကင်တွေထည့်ဖို့ ပန်းကန်တွေဆေးနေရင်း ဆိုမီက ချယ့်ကိုပြောနေခြင်းဖြစ်သည်။
ချယ် နာရီ ကြည့်တော့ နေ့လည် ၁ နာရီ ရှိနေပြီဖြစ်သည်။
အမ ဂျဲနီကိုလှမ်းကြည့်တော့လည်း လီဆာ့ အမေနဲ့ စကားပြောနေတယ်ဆိုပေမယ့် အမ စိတ်တိုနေသည်ကိုချယ်သိနေသည်။" ချယ်...ဆိုမီ မင်းတို့သူငယ်ချင်းကမဟုတ်တော့ဘူးနော် ဂျဲနီ အရမ်းစိတ်ဆိုးနေပြီ အခုသွားခေါ်တော့ သွား "
" အင်းပါ မမဆူးရဲ့ ချယ်တို့ သွားခေါ်ခဲ့ပါ့မယ် "
မမဆူး မပြောခဲ့ရင်လည်း ဆိုမီ တို့သွားခေါ်တော့မလို့ပါဘဲလေ...ချယ့် ဆိုင်ကယ်နဲ့ပဲ နှစ်ယောက်သားထွက်ခဲ့တယ် လီဆာ့ကို ခေါ်ဖို့...။
" ချယ်ယောင်း...ဖြတ်လမ်းကသွားပါကွာ လမ်းမကြီးက ကားရှုပ်တယ် "
" အေးပါ...ပြောမဲ့သာပြောတာ ငါအဲ့လမ်းသွားရမှာ အတော်ကြောက်တယ် လူလည်းမရှိဘူး လီဆာ ပါမှ ငါသွားရဲတာ အဲ့မှာ သရဲခြောက်တယ်ကွ "
" ခြောက်ရင်ခြောက်စိုရင်စိုကွာ...မောင်းမှသာမောင်းစမ်းပါ ငါ ပါ ပါတယ် "
" အေးအေး "
ချယ် တံတွေးကိုအသာမြိုချလိုက်ကာ အမြန်မောင်းခဲ့ရပါတော့သည်။
________________________________
" လီလီလေးကြောင့် စိတ်မကောင်းဖြစ်နေမှာပဲ ချွေးမရယ် အဲ့ကလေးကလည်း မိန်းမမွေးနေ့မှာ ဘယ်တွေလျှောက်သွားနေရတာလဲ မသိဘူး "
" အာ...မဟုတ်တာ အန်တီရယ် သမီး ဘာမှမဖြစ်ပါဘူး "
ဘာမှမဖြစ်ဘူး ဟုဆိုကာ ရယ်ရယ်မောမော ပြောနေပေမယ့် သူမ မျက်လုံးတွေမှာတော့ ဒေါသစိတ်၊ဝမ်းနည်းစိတ် များရောထွေးနေလေသည်။
" အန်တီ အကင်စားရအောင်နော် အမား အပါး လာ အကင်စားမယ် "
" ဟမ် လီငယ်လေးကိုမစောင့်တော့ဘူးလား သမီး "
" မစောင့်တော့ဘူး အမား လာမှာလည်းမဟုတ်ဘူး "
ကျွန်မ ဝမ်းနည်းမှုက စကားအဆုံးမှာ ငိုသံစွတ်သွားသေးသည်။
အမား က ကျွန်မ ကျောပြင်ကို ပုတ်ကာ " လာမှာပါ " တဲ့...ဘာလို့ ဒီလောက်ထိ စိတ်ပျက်စရာကောင်းတာလဲ မောင် ရယ်...။