( Unicode )
Family Doctor က အန်တီတို့နဲ့တစ်ခါတည်းပါလာတာမို့ အခု မမ ကို သွေးပေါင်တိုင်းနေတယ်။
မမ ဘေးနားမှာ အန်တီ လည်းရှိတာမို့ လီလီ က တော့ အခန်းပြင်ဘက်မှာသာ ချယ် နဲ့ နေ နေ ရတယ်။
ဆိုမီ့ ကိုတော့ ခေါ်မရ သူနေမကောင်းဘူးတဲ့လေ ၊ ဒီနေ့ လီလီ့ မမ က အန်တီနဲ့အိပ်နိုင်ချေရှိတာကြောင့်
ချယ့် ကို အဖော်အဖြစ်ခေါ်ထားတာ။" ချယ် မမ အဆင်ပြေမှာပါနော် ငါ စိတ်ပူတယ် ထမင်းစားနေတုန်းကြီး ရုတ်တရက်အန်တာ မမ အတော်နွမ်းနေတယ် "
" အဆင်ပြေမှာပါကွာ...မင်း ယောက်ခမလည်းရှိနေတာပဲ ခဏနေ မင်းကိုအခြေအနေလာပြောကြလိမ့်မယ် "
" မင်းလည်း ဒီဖုန်းပဲကြည့်နေ!!! အဖော်ကိုမရဘူး "
" မင်းလည်းမင်းမိန်းမကိုချစ်သလို ငါလည်းငါ့ချစ်သူကိုချစ်တယ်လေ မနေ့ကမှ အဖြေရထားတာကွ နွေးနွေးထွေးထွေးလေးနေပါရစေ "
ဟုတ်ပါတယ်...ချယ် နဲ့ မမဆူးက မနေ့ကမှ ချစ်သူတွေဖြစ်သွားတာ အဲ့အတွက်လည်း လီလီ ဝမ်းသာပါတယ်။
ချယ် က မမ ဆူးဆီက အဖြေကို လတွေအကြာကြီးစောင့်နေခဲ့ရတာလေ ရသွားတော့လည်း ကောင်းတာပေါ့။" ညီမလေးဂျဲနီ သွေးပေါင်တွေကျနေတယ်နော် "
Family Doctor က ကျွန်မနဲ့ အမျိုးတော်စပ်နေတာကြောင့် တရင်းတနှီးပြောဆိုခြင်းဖြစ်သည်။
ပြီးနောက် ကျွန်မ သွေးခုန်နှုန်းကို စစ်ဆေးသည်။" အင်း... period မှန်လား ညီမလေး "
" Period မဖြစ်တာ ၂ လလောက်ရှိပြီ အမ "
" ပျို့တာအန်တာမျိုး အနံ့အသက်မကောင်းတာမျိုးတွေ ဖြစ်လားညီမလေး "
" ဟုတ် ဖြစ်တယ် အမ "
" ဒါဆိုရင်တော့...ငါ့ညီမမှာ ကိုယ်ဝန်ရှိနေပြီ Congratulations ပါ ညီမလေး...အန်တီ မြေးချီရတော့မယ် "
" တ...တကယ်လား အမ "
" တကယ်ပေါ့...မနက်ဖြန် ဆေးရုံလာပြီး Date တွက်ကြတာပေါ့ အခုတော့ ညီမ ယောက်ကျားကို ဝမ်းသာစရာသတင်းကိုယ်တိုင်ပြောလိုက်တော့ "
ကျွန်မ ပျော်လွန်းလို့ မျက်ရည်တောင်ဝဲမိတယ် အခု ကျွန်မ ဗိုက်ထဲမှာ မောင်နဲ့ရတဲ့ ကလေးလေး ရှိနေပြီတဲ့လေ။
မောင့် ကို ပြောပြဖို့ ကိုယ့်ကိုကိုယ် မနည်းစိတ်ငြိမ်အောင် ထိန်းထားရတယ် အမ ကလည်း Suprise ဖြစ်အောင်ပြောတဲ့လေ မာမား ကလည်း မြေးဦးလေးချီရတော့မယ်ဆိုတော့ ပျော်လို့...။