Ep - 34

1.7K 91 10
                                    

( Unicode )

ကောင်းကင်ယံက ကြယ်ပွင့်ငယ်များကို ငေးကြည့်နေမိသော်လည်း မြင်မိနေသည်က မြတ်နိုးခဲ့ဖူးတဲ့ မျက်ဝန်းတစ်စုံကိုသာ...။

အဲ့ဒီ့မျက်ဝန်းတွေ...လီလီ့ ကို ရင်ခုန်အောင်ပဲဖြစ်စေ ၊
ရင်ကွဲအောင်ပဲဖြစ်စေ စေခိုင်းနိုင်ခဲ့တဲ့ ‌မျက်ဝန်းတစ်စုံပေါ့။
လီလီ့ အတွက် အဲ့ဒီ့မျက်ဝန်းတစုံဆီကနေ ရှောင်လွှဲဖို့ခက်ခဲတယ်၊မေ့ပစ်ဖို့မလွယ်ကူနေဘူး။

အချစ်ကနေ အမုန်းပြောင်းသွားတဲ့အချိန်မှာလည်း
ဒီမိန်းမဟာ ကိုယ့်စိတ်တွေမှာ
မတူညီတဲ့ပုံစံတစ်ခုနဲ့စိုးမိုးနေတုန်း။
နှလုံးသားထဲမှာလည်း ဒီမိန်းမဟာအမုန်းတွေအပြည့်နဲ့ရှိနေဆဲပဲ။
အရင်က လည်း အချစ်တွေအပြည့်နဲ့ဒီရင်ထဲမှာအဲ့မိန်းမကိုပဲ ချစ်ခဲ့တယ်။

ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် ခင်ဗျားချစ်ဖို့ကောင်းခဲ့သည်ဖြစ်စေ၊ အခုမုန်းဖို့ကောင်းနေသည်ဖြစ်စေ ကျုပ်စိတ်ထဲကျုပ်နှလုံးသားထဲမှာ ခင်ဗျားပဲနေရာယူနေတယ် ဂျဲနီဂင်ရယ်...မုန်းလိုက်တာဗျာ။

အချစ်တွေဟာလည်းခင်ဗျားကြောင့်ဖြစ်တည်ခဲ့ဖူးသလို အခု အမုန်းတွေဟာခင်ဗျားကြောင့်ဖြစ်တည်ခဲ့ရပြန်ပြီ...ကျုပ်ပြုမူနေတဲ့အပြုအမူတစ်ခုစီတိုင်းဟာ စိတ်ဖြစ်တည်မှုတွေလည်း ခင်ဗျားကိုရည်ညွှန်းနေတုန်းပဲ ကျုပ် ခင်ဗျားကို အဲ့သလောက်တောင်ပဲရူးရသလား ကျုပ်ကိုယ်ကျုပ်တောင်အံ့ဩရပါတယ် တကယ်ပါ။

ပြန်စဉ်းစားကြည့်ရင်...သေချာစဉ်းစားလေ ခင်ဗျားအပေါ် တောင်းပန်စရာတွေလည်းပေါသလို စိတ်နာစရာတွေလည်း တစ်သီတစ်သန်းချည်းပဲ။

" ချစ်လို့ " ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ခင်‌ဗျားကိုသိမ်းပိုက်တာကကျုပ်စမှားလိုက်တဲ့အမှားတွေဟာ အဲ့ အချစ် ခင်ဗျားအပေါ်သက်ရောက်နေတဲ့ကျုပ်အချစ်တွေရှိ‌ေနသရွေ့အထိ ပက်ပက်စက်စက်ကို မှားပစ်မိခဲ့တာပေါ့။

" ချစ်မိလို့ " ဆိုတဲ့ နှလုံးသားအလိုတစ်ခုနဲ့ ခင်ဗျား ကျုပ်အပေါ် ဘယ်လိုတွေပဲနင်းခြေပြောနေပါစေ ဘယ်လိုတွေပဲ ဆက်ဆံခဲ့ ဆက်ဆံခဲ့ ဘယ်လောက်ပဲ ထိုးနှက်ပြီးပြောဆိုပြောဆို ရင်တွေသာအကွဲခံပြီး ခင်ဗျားနားမှာ ကပ်တွယ်နေမိခဲ့တာ သိပ်ကို ရူးမိုက်ရာကျတာကလွဲပြီး ဒီဒဏ်ရာတွေကလွဲပြီး ဘာရခဲ့လို့လဲ တကယ်...နင့်နင့်သဲသဲ ကို ချစ်ခဲ့မိတာ ဂျဲနီဂင်ရဲ့ ခင်ဗျား နားလည်ကောင်းပါရဲ့။

DON'T NEVER CHANGE Where stories live. Discover now