Ep - 2

1.1K 110 5
                                    

( Unicode )

မနက်ကတည်းက အိမ်ပြောင်းတာမို့ အကုန်လုံးနေရာချဖို့ အပါးနဲ့အမားက ကျွန်မကိုတစ်ပါးတည်းခေါ်ကတည်းက လိုက်သွားရင်ကောင်းသားလို့ ကျွန်မတွေးနေမိတယ်။
လျှာရှည်ပြီး " နောက်မှလိုက်ခဲ့မယ် " ဆိုတာသာမပြောခဲ့ရင် ဒီလိုအကွဲအပြဲ ကျွန်မ ဖြစ်မှာမဟုတ်သလို ဒီငနာလေး "လာလီဆာ" နဲ့လည်းကြုံမှာမဟုတ်။

ဆိုင်ကယ်တိုက်ခံရပြီး နာမယ်ကြံကာရှိသေး သူ့ကို
အရင်ဒေါသထွက်ရပြန်တယ်။
စကားပြောပုံက ကန့်လန့် ရုပ်က ဂျစ်စုတ်စုတ်နဲ့ တကယ်ပဲအမြင်ကပ်ချင်စရာကောင်းလှတယ်။
သူကပဲတိုက်သေးကျွန်မကအပြစ်ဖြစ်ရတယ်လို့။

" အရက်ပြန်ဆိုတော့ နည်းနည်းစပ်မယ်နော် "

ဂျဲနီ ရဲ့အနာကို သန့်ရှင်းပေးပြီး အရက်ပြန်ထည့်လိုက်တော့ ဂျဲနီတွန့်ခနဲ။
ဂျဲနီ စပ်မယ်မှန်းသိလို့ လီဆာ ‌လေဖြေးဖြေးလေးမှုတ်ပေးနေတယ်။

" ဘယ်ဆိုးလို့လဲ ဒီလိုကျတော့လည်း မင်းကစိတ်ရှည်သားပဲ "

" ခင်ဗျား နားပူတာမခံနိုင်လို့ လုပ်ပေးနေတာ "

" နာပူတယ်လို့မမှတ်ဘဲ ဆုံးမတယ်လို့မှတ်လို့မရဘူးလား ဒါမှ မင်းကိုယ့်တာဝန်ကိုယ်ယူတတ်မှာလေ "

" ဟုတ်ပြီ ဟုတ်ပြီ ဆက်မပြောနဲ့တော့ သဘောပေါက်ပြီ "

ဘာလို့ အဲ့ငနာလေး နည်းနည်းမှဆတ်ဆတ်ထိမခံဖြစ်နေလဲမသိဘူး။
ဘယ်လိုမှအပြောမခံ ခန့်မှန်းရသလောက်တော့ ခပ်ဆိုးဆိုး ကြောင်စုတ်လေးနေမှာ။
ခဏက သူ့အမေက သူ့အကြောင်း ကျွန်မကို ဖောက်သည်ချတော့ " မားကလည်းဗျာ " ကြီးပဲ ပြောပြီး မျက်မှောင်ကျုံ့နေတော့တာ။

၁၈ နှစ်နဲ့ ဆယ်တန်းမအောင်တာတွေရော၊ပြောဆို ဆုံးမလို့လည်းမရဘူးတဲ့ ရန်ဖြစ်အရက်သောက်
ဖဲသမားဆိုပဲ ဒီကြားထဲ ဆိုင်ကယ်ခဏခဏပြိုင်သေးတယ်တဲ့ " ဟုတ်လား ဒီအတိုင်းဆို လီဆာက တော်တော်ဆိုးတာပဲနော် " အန်တီ လို့ပြောလိုက်တော့ စိုက်ကြည့်လာတာများ ပြူးတူးပြဲတဲ အေးပေါ့ သူ့ရှေ့တော့ သူ့အတင်းတုတ်နေကြတော့။

လီဆာ ဂျဲနီ ဒူးခေါင်းကို ပလာစတာ ကပ်ပေးနေတုန်း ချယ်ယောင်းနဲ့ဆိုမီ ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေကြတယ်။
ဂျူဆော့ယောင်း က လီဆာ့ဖုန်းကို ဆက်လာတာကြောင့် လီဆာမလာနိုင်တော့ကြောင်း အမျိုးမျိုး အကြောင်းပြပေမယ့် ပြောလို့မနိုင်ဘူးဖြစ်နေတယ်။

DON'T NEVER CHANGE Where stories live. Discover now