Ep - 8

2.2K 92 2
                                    

( Unicode )

ဂျယ်ဂျူဒို ကျွန်းကို လီလီ တို့ရောက်တော့ မနက်ဝေလီဝေလင်း ၄ ခွဲလောက်မှာရောက်သွားတယ်။
ဂျယ်ဂျူဒို ကျွန်းမှာ လီလီ့ ပိုက်ဆံနဲ့ ဝယ်ထားတဲ့ တစ်ထပ်အိမ် ကလေးရှိနေတယ်။

လီလီ ဆိုင်ကယ်ပြိုင်ရင်းကရတဲ့ ပိုက်ဆံတွေနဲ့ ဝယ်ခဲ့တဲ့ သစ်သားအိမ်လေးပါ။
အိမ်ထဲပြတင်းပေါက်ကနေ ပင်လယ်ကြီးကို လှမ်းမြင်နေရတယ် လီလီ ဒီ vibe ကိုသဘောကျလို့ဝယ်ခဲ့တာပင် ဒါကို ချယ်ယောင်းတို့လည်းမသိ။

မမ ရဲ့ သတိမေ့မျောနေတဲ့ ကိုယ်‌သေးသေးလေးကို ပွေ့ချီရင်း အိပ်ခန်းကုတင်ပေါ် တင်လိုက်တယ်။
မမ မျက်လုံးတွေကမှိတ်ထားရင်တောင် သိပ်လှတာ အထူးသဖြင့် မျက်ခွံပေါ်က မှဲ့နက်ကလေးပေါ့ လီလီ စွဲလမ်းခဲ့ရတာ။
နှုတ်ခမ်းနီ တောင်မဆိုးပဲ ရဲတွတ်နေတဲ့ မမ နှုတ်ခမ်းလေးကို လီလီ လက်နဲ့အသာအယာတို့ထိမိတယ်။

အိစက်နေပုံများ လီလီ လက်ကြမ်းတွေနဲ့ထိရင် နာမှာစိုးလို့ လီလီ လက်ကိုအမြန်ရုတ်သိမ်းလိုက်တယ်။
မမ မျက်နှာလေးကို အခုမှ သေချာကြည့်ခွင့်ရတာမို့ အချိန်အတော်ကြာငေးနေမိတယ်။

၂ နာရီလောက်ကြာတော့ ဂျဲနီ သတိပြန်ရလာပြီး သူမဘေးမှာ ထိုင်နေတဲ့ လီဆာ့ ကို ကြောင်စီစီကြည့်နေတယ်။

" ဟာ မမ နိုးလာပြီ "

ကျွန်မ လီလီ့ကို ကားပေါ်ခေါ်တာပဲ မှတ်မိတယ်။
အဲ့နောက်ပိုင်း ဘာတွေဖြစ်မှန်း မသိတော့ဘူး။
ကျွန်မ နိုးလာတော့ မရင်းနှီးတဲ့ အခန်းထဲရောက်နေတယ် ရင်းနှီးတဲ့ လီလီ တော့ရှိပေမယ့် ဒါ လီလီ့အခန်းလည်းမဟုတ်ပြန်ဘူး။

" လီဆာ မမ ဘယ်ရောက်နေတာလဲ ဟင်? "

ကျွန်မမေးတော့ သူ မဖြေ ခေါင်းကိုငုံ့ထားပြီး အပြစ်ရှိသလိုမျိုးလုပ်နေတယ်။
ကျွန်မ ထင်သလိုမဖြစ်လိုက်ပါနဲ့ ကျေးဇူးပြုပြီး!

" လီဆာ ငါမေးနေတယ်လေ "

လီလီ့ ပခုံးတွေကို ခါးယမ်းပြီး မေးလာတာကြောင့် လီလီ မမ ကို သေချာကြည့်ပြီး ဖြေရတော့မယ်။
ဒီလမ်းကို လီလီ ရွေးခဲ့ပြီးပြီ နောက်ဆုတ်ဖို့လုံးဝစိတ်ကူးမရှိဘူး။

DON'T NEVER CHANGE Where stories live. Discover now