( Unicode )
" သမီး အရမ်းမငိုနဲ့လေ...လီလီလေးက စိတ်ဆိုးနေတုန်းမို့ပါ သူသမီးကိုအရမ်းချစ်တာ "
" မဟုတ်ဘူး...မောင်က စိတ်ဆိုးနေတာမဟုတ်ဘူး မောင် မုန်းသွားတာ မချစ်တော့ဘူးတဲ့ "
ဂျဲနီ သူမ အိမ်ပြန်သွားပြီနောက် သူမ အမေရင်ခွင်ထဲ၌ ဆက်ငိုနေသေးသည်။
အမေဖြစ်သူက ဘယ်လိုပဲချော့ချော့ အငိုမတိတ်တဲ့ ဂျဲနီ ကို သူမ အဖေကတော့ မကြည့်ချင်တော့လို့ အိမ်ပေါ်သို့တက်သွားပြီဖြစ်သည်။" မဟုတ်တာ...ကဲ ကဲ တိုက်ခန်းက သမီးပစ္စည်းတွေကို သွားယူဖို့ ဂျီဆူးကို ဖုန်းဆက်ပေးမယ်နော် မငိုနဲ့တော့ "
" ဟုတ် မာမား "
____________________________________
" မင်း သမီးကို လီလီ မုန်းတာမဆန်းဘူး မင်းက ဘာလို့ သွားနှစ်သိမ့်နေရတာလဲ ပစ်ထားလိုက် သူ့အပြစ်သူခံပါစေ "
Mr.Kim က သူ့မိန်းမကို အခန်းထဲ ဆူငေါက်နေခြင်း။
" ဪ အဖေကြီးရယ် အဲ့လိုတော့လည်းမဟုတ်သေးဘူးလေ "
" ဘာကိုမဟုတ်ရမှာလဲ မင့်သမီးကြောင့် လီလီနဲ့လီယမ်အပေါ်မှာ ငါတို့ ဘယ်လောက်မျက်နှာပူရလဲ မင်းအသိပဲ မင်းမြေးကိုမင်းတွေ့ချင်တာတောင် မင်းရှက်နေခဲ့ရတာမလား "
" နေရတာက မျက်နှာချင်းဆိုင်...မင့် သမီးကလေ ငါတို့မျက်နှာကို ထားစရာနေရာမရှိအောင်လုပ်တာ "
" ဘယ့်နှယ့် အသိညဏ်မရှိ ကိုယ့်ဝမ်းနဲ့လွယ်မွေးထားတဲ့ ကိုယ့်သားသမီးကို မွေးမွေးချင်းစွန့်ပစ်ရတယ်လို့ ရှက်စရာကောင်းလိုက်တာ "
" အခု ဒီပြန်ပေါင်းထုတ်ဖို့ကိစ္စကိုလည်း ငါဘာမှ ပြောပေးနေမှာမဟုတ်ဘူး ငါမျက်နှာပူလွန်းလို့ မင်းလည်း ဘာမှပြောပေးနေစရာမလိုဘူး သူ့ဘာသာ လုပ်ပါစေ "
တီး...တီး...
" ရောက်ပြီထင်တယ် သွားကြည့်လိုက်ပါအုံး ငါတော့ မျက်နှာကိုမမြင်ချင်တာ "
Mr.Kim မျက်နှာက တင်းမာလွန်းပြီး ရှက်ရွံ့ပြီးဒေါသထွက်လွန်းနေခဲ့သည်။
" သမီးနားတော့လေ ပင်ပန်းနေပြီမလား မား ပစ္စည်းတွေကို နေရာချခိုင်းလိုက်မယ် "