Chapter 1(Betray)

2.4K 42 0
                                    

Unicode

   ခင်ကလျာခိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက် London လေဆိပ်ကနေထွက်ခါပြီးမြန်မာကိုပြန်ရောက်တော့
ပိတောက်မိုးတွေကအသည်းအသန်ရွာနေပါပြီ...

ပိတောက်တို့ကတော့ သ​ကြ်န်အလာကိုစောင့်မျှော်နေသည့်ဟန်ပင်

သူမဟာ ဦးတည်ရာတစ်ခုစီကိုမိုးရေတွေကြားကနေ ပြေးသွားနေခဲ့ပါတယ်
<ခိုင်...ခိုင်လွတ်လပ်ပီ! ခိုင်အရမ်းမုန်းရတဲ့ဒီအမျိုးသားစီက လွတ်လပ်ပီ! ခိုင့်ဘဝကိုရော ခိုင့်ချစ်သူကိုပါ ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ သူ့စီကလွတ်လပ်ပီ!!>

ထိုရင်တွင်းကအမုန်းစကားများကို London မှာကျန်ရစ်နေသော ချောမောလှတဲ့ အသက်မရှိတော့တဲ့အရုပ်ကလေးကကြားရမည်မထင်ပါ

        ခိုင်တစ်ယောက် သူ့ချစ်သူရဲ့အိမ်ကလေးစီ ရောက်တဲ့အခါ အိမ်ကလေးက အရင်လိုအခြေအနေမဟုတ်တော့ပါဘူး....  သူ့အိမ်ကလေးနှစ်ထပ်တိုက်နဲ့ဖြစ်သွားတဲ့ အတွက် ခိုင်ဝမ်းသာပါသည် ....

         ခိုင်တံခါးခေါက်လိုက်တဲ့ အခါ တွေ့မြင်လိုက်ရတဲ့မြင်ကွင်းတစ်ခုကြောင့် ခိုင့်ရင်ထဲတွင်ဗလောင်ဆူသွားသည်

"ရှင်..ရှင်တို့ဘာလုပ်နေကြတာလဲ!!"

"ခိုင်ကလျာ!မင်းဘာလို့ပြန်လာတာလဲ မင်းLondonမှာ ရှိနေရမှာလေ!"

သူကျွန်မရဲ့ရှေ့မှာကောင်မလေးတစ်ယောက်နှင့်အတူတူ ရပ်နေသည်  ထိုကောင်မလေးမှာ ကျွန်မ၏ညီမ နန်းသက်လျာ..အဝတ်အစားဖရိုဖရဲနှင့် ကျွန်မကို ပြသနာ လာရှာသောသူအဖြစ်ကြည့်နေပါသည်

"ဟိုကောင်မင်းကိုလွှတ်လိုက်တာလား"

"ကျွန်မသူ့ကို သတ်လိုက်တာ''

"ဘာ! !မင်း....မင်းရူးနေပြီလား "

"ဟုတ်တယ် ကျွန်မရူးနေတာ ရှင်နဲ့ပြန်တွေ့ချင်လွန်းလို့ ရှင်နဲ့အတူ နေချင်လွန်းလို့ ရူးသွားပြီ"

"ငါ မင်းမလုပ်နိုင်ဘူးလို့ ထင်နေတာ နောက်ဆုံးတော့ သူ​သေ သွားရပီပဲ ငါ့ကိုထောင်ချမယ့်သူမရှိတော့ဘူး"

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now