သူမရဲ့ရှေ့မှာ သူမအားမေ့ပျောက်နေလိမ့်မည်ဟုထင်သည့် လူသားနှစ်ယောက်ရောက်ရှိလာလျက်။
သူမရဲ့ရှေ့မှာရှိတဲ့ သူမကိုဂရုမစိုက်ခဲ့တဲ့ မိခင်နဲ့ဖခင်ပေါ့။
ပြီးတော့ နန်းသက်လျာ။သူမရဲ့မျက်လုံးများထဲမှ မရိုးသားမှုတို့ကို ခင်ကလျာခိုင်ဖောက်ထွင်းမြင်နေရသည်။
သူတို့ဘာကြောင်းရောက်လာရလဲ သူမမစဉ်းစားနိုင်။
သူတို့ဘဝထဲက ခိုင်ထွက်သွားပေးပြီးပြီ။သူတို့ခိုင့်ကို ဘာတွေများ လုပ်စေချင်သေးတာလဲ။
ဒေါ်ကေသီ ခင်ကလျာခိုင်ကို မသက်သာစွာခေါ်လိုက်သည်။
''ကလျာ...''
သူမဘာမှပြန်မပြော။သူမအားယူပြီး နှုတ်ခမ်းတို့အားဖွင့်လိုက်သည်။
''အမေတို့ဒီထိဘာလို့လာကြတာလဲ?''
''နင့်အမေနဲ့အဖေဒီထိပင်ပင်ပန်ပန်းလာရတာ နင်ထွက်တဲ့စကားကဒါလား ကလျာ?!''
ဦးသက်ဝင်း သက်လျာအား အော်ဟစ်ပြောလိုက်သည်။
''အမေတို့ကို သမီးအရမ်းလိုအပ်ချိန်တောင် ဒီကိုမလာချင်ခဲ့တဲ့အမေတို့ကို သမီးတွေ့ရတာမအံ့သြပဲနေမှာလားအဖေ''
ဦးသက်ဝင်း အသံတိတ်သွားသည်။ ဒါပေမယ့်
''နင့်စကားတွေက ကြီးကျယ်လှချေလား ကလျာ!?''
''အဖေ...ဒါသမီးပိုင်တဲ့အိမ်မဟုတ်ဘူး။သမီးသာ ခွင့်မတောင်းရင်
အဖေတို့ဒီလုံခြုံရေးတင်းကြပ်တဲ့အိမ်ထဲ ခြေချလို့ရမှာမဟုတ်ဘူး။
အဖေဒီထက်အသံကျယ်မယ်ဆိုရင်
အိမ်တော်ကလူတွေကို သမီးတားလို့မနိုင်ခင် အဖေတို့ကိုအပြင်ထုတ်သွားနိုင်တယ်''ဟုတ်ပါတယ်။Alex ရဲ့စံအိမ်တော်က လုံခြုံရေးတင်းကြပ်သည်။
Jane ကဒီစံအိမ်တော်ကြီးတစ်ခုလုံးကိုလက်ရှိစောင့်ရှောက်ပေးထားသူပင်။Jane ကပြင်ပလူကို လုံးဝအဝင်မခံ။Alex ရဲ့စီးပွားဖက်တွေပါလို့ အထောက်အထားပြည့်စုံတဲ့လူတွေတောင် အဝင်မခံ။
Jane ရဲ့လက်သုံးစကားက
''အရင်းနှီးဆုံးလူတွေ သစ္စာဖောက်ရင် သူစိမ်းထက်ပိုဆိုးတယ် သခင်မလေး'' တဲ့.....
YOU ARE READING
Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)