ခင်ကလျာခိုင် ထိန်းချုပ်နိုင်ချင်း မရှိတဲ့ မျက်ရည်ဥတို့ကို Alex သုတ်ပေးလိုက်သည်။
''မင်းဒီလို ဘာကြောင့်ဖြစ်နေလဲ ငါမသိဘူး။ ဒါပေမယ့် ငါမင်းကို အရမ်းမောအောင်လုပ်မိတာတော့ တောင်းပန်ပါတယ်။ပြီးတော့ ငါအဲ့ကောင်ကိုတွေ့တော့ အရမ်း-
''Alex က ကျွန်မရှင့်ဆီကနေ ထွက်ပြေးဦးမယ်လို့ ထင်နေတုန်းမလို့ မဟုတ်လား။ရှင့် ကျွန်မကို ဒီထက်ပိုပြင်းတဲ့ ပြစ်ဒဏ်က ကျွန်မကိုနာကျင်စေပြီးမှ ကျေနပ်ပြီး ခွင့်လွှတ်မယ်ဆို ကျေနပ်ပါတယ်။
ကျွန်မ ရဲရဲကြီး ခံယူပါ့မယ်။''သူမပြောနေရင်းနဲ့ပဲ သူမအင်္ကျီ ကြယ်သီးကို ဆွဲဖြုတ်နေလေသည်။ Alex သူမရဲ့လက်အား ဆွဲဆောင့်ကာ အေးစက်သောမျက်ဝန်း ပြီးတော့ အံ့သြသော မျက်ဝန်းတစ်စုံဖြင့်....
''မင်း ဒါဘာလုပ်တာလဲ?''
''ရှင့်ရဲ့ ပိုကြီးတဲ့ ပြစ်ဒဏ်ကို_
''ငါက မင်းရဲ့ ခန္ဓာကိုယ်ကို ယူပြီး ပြစ်ဒဏ်ပေးမှာလို့ မင်းထင်နေတာလား''
ခင်ကလျာခိုင်ကြောင်သွားကာ...
''မဟုတ်ဘူးလား။ ရှင်ပြောတဲ့ ပိုကြာပြီး ပြင်းတဲ့ပြစ်ဒဏ်က ဒါပဲရှိတာလေ။''
''မင်း! ငါမင်းကို ငါ sex လုပ်ချင်တယ်လို့ တစ်ခွန်းပြောလို့လား''
''ရှင်? ဒါပေမယ့်_
''ငါမင်းကို ပိုပြင်းပြီးကြာတဲ့ ပြစ်ဒဏ်ဆိုတိုင်း မင်းက sexual content ကိုတွေးမိရအောင် ငါအဲ့ဒီလောက်လုပ်ဖို့ မစဥ်းစားထားဘူး။ I am not an asshole''
Alex မကျေနပ်သောလေသံနဲ့ ဆိုလိုက်တယ်....
''ဒါဆို ရှင်ဘာလို့ ကျွန်မအင်္ကျီကြား လက်ထိုးနေတာလဲ။ပြီးတော့ ရှင့်ကို ကြည့်ရတာ တကယ်ကို_
''ငါမင်း အင်္ကျီကြား လက်ထိုးနေတာ? မင်းတကယ်ဘာတွေ တွေးနေတာလဲ?အပေါ်ကို မလန်ရအောင် ဆွဲထားပေးရုံတင်ပဲ။''
''အဲ့ဒါဆို ခိုင်က...'' လွန်သွားတာလား!
ခိုင် တွေးထားတာ အကုန်အလွဲတွေလား။ ခိုင် ကမဟုတ်တရုတ်တွေတွေးမိနေတာပဲ၊ ဒါဆို သူဘာတွေတွေးနေတာလဲ။
YOU ARE READING
Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)