Chapter 35(⛔content)

1.2K 20 3
                                    

''သက်လျာရေထတော့လေ ကိုယ်ဟင်းတွေဝယ်လာတယ်စားကြရအောင်''

သူမ မကြားချင်ဆုံးသောသူတစ်ယောက်ရဲ့အသံကို သူမဝေဝါးစွာကြားနေရသည်။

သူမတစ်ကိုယ်လုံးလည်းနာကျင်ကိုက်ခဲလျက်။

သူမထဖို့အင်အားမရှိပေ။ဒီလိုသာ အိပ်စက်ပြီး သူမသေသွားလိုက်ချင်မိသည်။

ဒီညကသူမအတွက် အရှက်နဲ့မာန အကုန်လုံးကျေမွအောင်နင်းချခံခဲ့ရတဲ့ညပင်။

သက်ဟိန်း သက်လျာလဲလျောင်းရာအိပ်ရာသို့ ခြေသံဖွဖွလျှောက်ကာ လှမ်းလာခဲ့သည်။

လက်ထဲမှာလည်း သူမအကြိုက်ဟင်းတွေနဲ့အကောင်းဆုံး ပြင်ဆင်ပေးပြီးတော့ သူမကိုချော့ရန်အတွက်ပင်။

သူမဖြေးညင်းစွာထလာလိုက်သည်။ သူမအရင်က ဘယ်လိုပဲယောကျာ်းတိုင်းကို ထိန်းချုပ်နေခဲ့ပါစေ....

ညက ဒီယောကျာ်းက သူမကို အကြိမ်ကြိမ်နာကျင်အောင် လုပ်ခဲ့တဲ့မြေခွေးဆိုတာကို မေ့ထားလို့မရတော့။

ဒါကြောင့် သူမ သူ့စိတ်ကိုသူမခြေထောက်အောက်တစ်ဖန်ပြန်ရောက်လာအောင်အရင်ဆုံး စွဲဆောင်ရမည်။

ထိုသူကတော့ သူဖြစ်စေချင်တဲ့အတိုင်း ဖြစ်သွား၍ထင်သည်။
​မျက်နှာမှာအောင်နိုင်သူ အပြုံးနှင့်။

''အို...ကို့သည်းလျာလေးက လိမ္မာလှချေလား။လာ ဟပါဦး ကိုကြီး သက်လျာကို ခွံကျွေးမယ်''

သူမရဲ့ နှုတ်ခမ်းပါးလေးကို အလိုက်သင့်ဟပေးလိုက်သည်။
သက်ဟိန်းလည်း အလိုက်သိစွာ သူမအားနူးနူးညံံ့ညံ့ခွံ့ကျွေးနေသည်။

ဒါတွေဟာ သက်ဟိန်းအတွက်ကြည်နူးစရာ အခိုက်အတန့်နှင့် သူမအတွက်အန္တရာယ်အကင်းဆုံး အချိန်ပင်။

ဒါပေမယ့် ဒီအေးချမ်းဖွယ် အချိန်အခါလေးကို ဖျက်ဆီးဖို့မုန်တိုင်းတစ်ခုဝင်လာမယ်လို့ မည်သူမှထင်မှာမဟုတ်ပေ။

''သက်လျာလေး စားကောင်းလား?''

''အင်း...''

''အင်း....?''

''ကို ကို....''

သက်ဟိန်းကျေနပ်သွားပြီး..

''ကိုကို့ကလေးလေးက နောက်တစ်ခါမဆိုးရဘူးနော်''

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now