သူမ၏ရှေ့တွင် လူအသွင်ဟန်ဆောင်ထားတဲ့ ချောမောတဲ့ နတ်သားက သူ့ရဲ့ အင်္ကျီတို့ကို သပ်ရပ်အောင်ပြင်ဆင်လျက်။
သူ့ရဲ့ သာမန်လုပ်ဆောင်မှုတွေ ၊လှုပ်ရှားမှုတွေက မြင်သူတိုင်းကို ရင်ဖိုအောင်ဆွဲဆောင်နိုင်၏။ ဒါကလည်း သူ့ရဲ့မွေးရာပါ လက်ဆောင်ပင်။ ဒါပေမယ့်လည်း
ခင်ကလျာခိုင် ဟူသော အနှီကောင်မလေးကတော့ သူ့ကို တစ်ချက်မျှသာ ငေးကြည့်၍ ပုံမှန်အတိုင်းပြန်ဖြစ်သွားလေ၏။ပြီးတော့ သူမ တစ်ခုခုစဥွ်းစားနေဟန်ပင်။ သူမ သတိရသွားပြီး..
''Alex!''
ထိတ်လန့်စွာ သူ့နာမည်ကို ခေါ်လိုက်တဲ့ သူမအား Alex ကြည့်လိုက်၏။
''ဘာလဲ''
''Passport....ခိုင့် Passport က! "
တစ်ခန ကြာပြီး:
''မင်းရဲ့ Passport က မင်းညီမစီမှာ ဟုတ်လား။ ဟား....''
Alex ထိုသို့ပြော၍ စိတ်ရှုပ်စွာ သူ့၏ဆံနွယ်တို့ကို ရန်ရှာနေမိသည်။
ခိုင်လည်း ဘယ်လိုပြောရမှန်းမသိတော့။ ခိုင် သူ့ဆီမှာ ခိုင်ဒီကို Alex ဆီကနေ ပြေးပြန်လာတုန်းက သူ့စီအပ်ထားမိချင်းပင်။
ခိုင်အရေးကြီးတာကိုမှမေ့နေခြင်းပင်။ အား.....ခိုင်တော့သွားပြီ။နောက်တစ်ခု ကျန်သေးသည်။ အဲ့ဒါကို Alex မမေးပါစေ_
''မင်း နာရီကိုရော ပေးခဲ့သေးတာလား?''
''.......ဟုတ်။''
သူမကို Alex က အစိမ်းလိုက် ဝါးမည့်အတိုင်းကြည့်နေသည့် အတိုင်းပင်။ သူ့ကို ခိုင်စေ့စေ့ မကြည့်ရဲ...
အဲ့ဒီ အိတ်ဆောင်နာရီလေးက ဘာမှသိပ်ထူးခြားတာမရှိပေမယ့် တန်ဖိုးကြီးပုံတော့ပေါ်သည်။ အဲ့ဒီနာရီကို ခိုင့်ကို Joseph လာပေးတုန်းကလည်း မီးဖိုထဲထည့်ဖို့ လုပ်တော့ Joseph အသည်းအသန် ခိုင့်ကိုတားသေးသည်။
အဲ့ဒီနာရီကို မီးဖိုထဲထည့်ဖို့လုပ်တဲ့အကြောင်း ကြားတော့ လက်ထပ်ပွဲအပြီးမှာတစ်ခါမှ မလာဘူးတဲ့ အနှီလူသားဟာ သူမရှေ့မှာ ပေါ်လာလေရဲ့။
ပြီးတော့ အဲ့ဒီနေ့မှာ ထိုလူသားရဲ့ မျက်လုံးထဲ၌ အေးစက်မှုရော ဒေါသငွေ့ပါ ရောနေသည်ကို ခိုင်ပထမဆုံးတွေ့ရသည့် ရက်ပင်။
YOU ARE READING
Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)