''မင်းဘာတွေပြောနေတာလဲ သက်လျာ?''
''ကျွန်မတို့လမ်းခွဲရအောင်''
''ကို့ကို မစစမ်းပါနဲ့သက်လျာလေးရယ်''
''ရှင်နဲ့ကျွန်မက မဖြစ်နိုင်လို့ပါ''
''မင်းဘာကိုဆိုလိုတာလဲ''
''ဒါပဲနော်ကိုသက်ဟိန်း''
သူမရဲ့စကားများကြောင့် သက်ဟိန်းအတန်ကြာငြိမ်သက်နေမိသည်။
သူမက သူ့ကိုမလိုဘူးလို့ပြောချင်တာပဲမဟုတ်လား။
သူမရဲ့စကားလုံးများကိုတွေးမိတိုင်းပူလောင်မိသည်။ဒါပေမယ့်.......
သူမကိုသူ မရရင်ရတဲ့နည်းနဲ့ပိုင်ဆိုင်ရအောင်လုပ်မှာမလို့...
သက်လျာရေ စောင့်နေပါ။မင်းက ကိုယ့်အတွက်ပဲ။သက်ဟိန်း ဖုန်းတစ်ခုကိုဆက်လိုက်လေသည်။
တစ်ဖက်မှလူကတော့ သူ့စကားသံကိုအရင်စောင့်မျှော်နေဟန်ပင်....
''ဟဲလို ဦးလေး သက်လျာနဲ့ ကျွန်တော့်ကိစ္စပြောမလို့ပါ''
**********
ထုံထိုင်းနေသော သူမရဲ့ခေါင်းထဲမှတ်ဉာဏ်ပေါင်းများစွာက ကူးခတ်ကာနေသည်။
ဒီမှတ်ဉာဏ်ပင်လယ်ထဲမှာ သူမဘယ်လောက်ကြာကြာ ကူးခတ်ရအုန်းမှာလည်းဆိုတာသူမလည်းမသိ။
သူမရဲ့စိတ်တို့ဝေဝါးလျက်သာနေသည်။
ထိုအချိန်သူမအားတစ်ယောက်ယောက်မှ ခေါ်နေသံကိုကြားယောင်နေသလိုပင်။
''သခင်မလေး ''
မရင်းနှီးသောသူတစ်ယောက်ရဲ့အသံက ခင်ကလျာခိုင့်အားနိုးထလာခဲ့စေသည်။
သူမတုန်လှုပ်သွားသည်။
''ရှင်... ရှင်ဘယ်သူလဲ?!''
သူမအရှေ့မှာရှိတဲ့ နှစ်လိုဖွယ်မျက်နှာနဲ့ယောကျာ်းကိုမေးလိုက်သည်။
ထိုသူကတော့ သူမကိုစိုက်ကြည့်ကာ...
''သခင်မလေးကို စောင့်ရှောက်ဖို့အတွက်သခင်လေး အမိန့်ပေးထားတဲ့ သက်တော်စောင့်တစ်ယောက်ပါ။သခင်မလေး မလန့်ပါနဲ့''
''ဒါနဲ့ကျွန်တော့်နာမည်က Jane ပါ။ ''
YOU ARE READING
Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)