Chapter 39

594 29 7
                                    

သူမမြင်လိုက်ရတဲ့နောက်ဆုံးမြင်ကွင်းက ဘာဖြစ်မလဲ။
အေးစက်တဲ့ရေပြင်သာ။

သူမပွေ့ဖက်ရတဲ့နောက်ဆုံးသောအရာကဘာဖြစ်မလဲ

နာကျင်မှုများသာ။

သူမနောက်ဆုံးကြားရတာကရော...?

''အားးးးးးး!!''

လူတစ်ယောက်ရင်ကွဲနာကျင်စွာ ငိုကြွေးနေသောအသံ...

သူ့ရဲ့အသံထဲမှာ ကြေကွဲမှုတွေအပြည့်ပါနေလေရဲ့....

သူက အေးစက်သောမျက်နှာပိုင်ရှင်ရဲ့အသံနဲ့တောင် တူနေရဲ့...

ဒါပေမယ့် သူကတော့ အဲ့လိုငိုနေပါ့မလား....

ထိုကောင်းကင်ပြာရောင်မျက်ဝန်းပိုင်ရှင်ကပေါ့....

သူမရဲ့အသက်ရှူသံတို့ပြန်လည်နိုးထလာသယောင်ပင်..

နာကျင်မှုတို့က တဖြည်းဖြည်းလျော့ပါးလာသည်။

ရုတ်တရက်သူမ....

''အား!''

သူမရဲ့အိပ်ရာပေါ်မှ သူမနိုးလာသည်။

သူမအိမ်မက်မက်နေတာလား။

ဟင့်အင်း.....

လည်ပင်းကနာကျင်မှုတို့က ယခုထိမပျောက်သေး.....

သူမမသေသေးဘူးလား....

ဘာလို့လဲ?သူမဘာလို့နာကျင်မှုကိုခံစားရပြီး မသေသေးတာလဲ?

ရုတ်တရက်သူမအမှောင်ထုထဲကျရောက်သွားသလို ခံစားရသည်။တစ်ယောက်ယောက်က သူမနားထဲကိုတီးတိုးပြောလာသည်။

''နာကျင်ရတာခံစားရကောင်းလား''တဲ့...

ထိုမသိသောသူက ဆိုလာသည်။

ဟင့်အင်း.....ဘာလို့လဲ....

''ဒါနင့်အတွက်ပြစ်ဒဏ်ပဲ ခင်ကလျာခိုင်...''

ထိုသူက တီးတိုးရယ်မောကာ သူမအားဆိုသည်။

သူမရဲ့လည်ပင်းက နာကျင်မှုတို့က ပို၍ဆိုးလာသည်။

''အားး!''

သူမအော်နေပေမယ့် ဘယ်သူမှကြားမယ့်ပုံမပေါ်။ဘာလို့လဲဆိုတော့ သူမကအမှောင်ထုထဲမှာ ​ကျရောက်နေသည်လေ....

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Where stories live. Discover now