''ရှင်ဘာလုပ်နေတာလဲ?!''
တောက်ပလွန်းလှသော ထိုနံနက်ခင်း.....
အဲ့ဒီနံနက်ခင်းအချိန် သူ့ရဲ့မျက်နှာနဲ့ မလိုက်ဖက်လှသော ကြောက်စရာကောင်းသည့် အငွေ့အသက်တစ်ခု။ထိုအငွေ့အသက်က သူ့ရဲ့ ကောင်းကင်ပြာ မျက်လုံးတို့ကို အသက်မဲ့ပြီး အေးစက်စေသည်။
''ကလျာ! လုပ်ပါဦး.. အဟွတ်!အဟွတ်! ကိုယ်...သေတော့မှာ....''
Alex ကြောင့် မြေပြင်နဲ့ ကင်းကွာလျက် နာကျင်နေရသူ သက်ဟိန်းကို....
ထိုသို့နာကျင်စွာပြောရင်း ရွှေအိုရောင်ဆံနွယ်ပိုင်ရှင်၏ လက်အောက်မှာ ခွေကျသွားလေသည်။
''ကိုသက်ဟိန်း! !''
ခိုင် ကိုသက်ဟိန်းအား ထူရန်ပြေးသွားတော့ ခိုင့်ဘေးနားကို အိမ်ကြီးမှ အစောင့်များက ချုပ်ထားလိုက်ကြ၏။
''ရှင်! ရှင် ဒါ ဘာလုပ်တာလဲ?ကျွန်မကို လွှတ်စမ်း!!''
ထိုရွှေအိုရောင် ဆံနွယ်ပိုင်ရှင်က သူမအားအေးစက်စွာ လှည့်ကြည့်ပြီး...
''မင်းကို ဒီအကောင်က ရိုက်လိုက်တာကို ငါအပြစ်ပေးလိုက်တာလေ။ မင်းဝင်ပါစရာလိုလား''
''လိုတယ်! သူက ကျွန်မ ချစ်သူ! ကျွန်မချစ်သူ ဘာပဲလုပ်လုပ် ရှင်နဲ့ မဆိုင်ဘူး!!''
Alex ရဲ့မျက်လုံးတို့ဟာ အရင်ကထက် ပိုအေးစက်သွားပြီး သူရွဲ့ပြုံး ပြုံးလိုက်ကာ...
''မင်းရဲ့ ချစ်သူဆိုတဲ့အကောင်က မင်းနောက်ကွယ်မှာ ဘာတွေလုပ်နေတာလဲ ဆိုတာတောင်
မင်းသိရဲ့လား။ ''Alex ခင်ကလျာခိုင်အား ကြမ်းတမ်းစွာ ဆွဲခေါ်သွားပြီး အခန်းထဲသို့ရောက်တဲ့အခါ .....
''အွန့်!!''
Alex သူမကို အိပ်ရာပေါ်သို့ ကြမ်းတမ်းစွာ တွန်းချလိုက်သောကြောင့် ဖြစ်လာသော သူမ၏အသံ။
ထိုကြွေရုပ်ကလေးမှာ သူမအားကြမ်းတမ်းစွာ တွန်းချလိုက်သော်လည်း အိပ်ရာပေါ်သို့လဲသွားသောအခါ ထူးခြားစွာမနာကျင်။
ဒါပေမယ့် သူမရဲ့ နှလုံးသားကတော့ အမုန်းတရားများကြောင့် နာကျင်စူးအောင့်လျက်။ ဒီလူသားက ဘယ်လောက်ပဲ နတ်သားတစ်ပါးလို ချောမောတယ်လို့ လူတွေပြောကြလည်း သူမမျက်လုံးထဲမှာတော့ သူမဘဝကို ချုပ်ကိုင်ထားတဲ့ နတ်ဆိုးပင်။
YOU ARE READING
Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)