''Daddy ဘာတွေပြောနေတာလဲ?''
''မင်းလေးအသိဆုံးဖြစ်မှာပါ သက်လျာ။ဦးလေးကိုပြောရမှာအားနာပေမယ့် ကိုယ်ယောကျာ်းတစ်ယောက်လိုတာဝန်ယူသင့်လို့ သက်လျာလေးကိုအသိမပေးပဲပြောလိုက်တာပါ''
သက်ဟိန်းဘာတွေပြောနေတာလဲ။ဟင့်အင်း...
သူမတစ်ခါမှ မလုပ်ဘူးတဲ့ကိစ္စတွေကို လာပြောနေတာပဲ။''Daddy သမီး မလုပ်_
''သက်လျာ ငါတို့နင်ဘယ်လောက်ပဲမှားမှားငါတို့နင့် ဘက်ကနေအမြဲရပ်တည်ခဲ့တယ်။ဒီတစ်ခါတော့ နင်ဘယ်လိုပဲရှင်းပြရှင်းပြ ငါနင့်စကားမယုံတော့ဘူး။''
''Daddy!''
''သက်လျာတော်တော့!''
''မေမေ?''
''ဒီတစ်ခါတော့ မေမေလည်းဖေဖေနဲ့ထောက်ခံတယ်။သမီးဆိုးသမျှ အမေတို့မျက်လုံးမှိတ်နေခဲ့တယ်။သမီး သက်ဟိန်းနဲ့တွဲတုန်းကတောင် လိမ်ခဲ့သေးတာပဲ။ အခုသမီးဘာပြောပြော အမေတို့ယုံမယ်ထင်လား?''
''အမေရယ်...
ဒီတစ်ခါတော့သမီးလိမ်နေတာမဟုတ်ပါဘူး ယုံပေးပါနော်''သက်လျာအားအလိုလိုက်ပေးသောမိခင်မှာ အခုသက်လျာအား မလိုက်လျောပေးနိုင်သောမျက်ဝန်းတို့ဖြင့်ကြည့်နေလေသည်။
သက်ဟိန်းမှလည်း ကောက်ကျစ်သောအပြုံးတို့ဖြင့် သက်လျာအားကြည့်နေလေသည်။
''ဦးလေးတို့စိတ်မပူပါနဲ့။ကျွန်တော်သက်လျာကို တာဝန်ယူမှာပါ။''
''ဟေ့ကောင်ငါမင်းကို သူနဲ့ပေးစားမယ်လို့ပြောလို့လား!!''
''ဦးလေးတို့သဘောပါ။ဒါပေမယ့် သေချာစဥ်းစားကြည့်ပါနော်ဦးလေး နဲ့ဒေါ်ဒေါ်''
သက်ဟိန်း သက်လျာနားကပ်လာသည်။ သူမနောက်ဆုပ်ဖို့ကြိုးစားပေမယ့် သူအလျင်အမြန်ပင် ဖမ်းဆုပ်လိုက်သည်။
ထို့နောက်သူမ၏ နားထဲတီးတိုးသောအသံဖြင့်
''မင်း ခင်ကလျာခိုင်ရဲ့ ထပ်တိုးတင်တောင်းငွေတွေအကြောင်းမင်းမိဘတွေမသိစေချင်ရင် မင်းလက်ခံလိုက်ပါ။
မဟုတ်ရင်ငါမင်းရဲ့ဘဝကို ထပ်ရှုပ်ထွေးလာအောင်လုပ်ပေးမှာ။''
YOU ARE READING
Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)