ဒေါက်တာနိုင်ဝေနှင့် ပြန်လည်တွေ့ဆုံခြင်း

46.1K 1.1K 63
                                    

Unicode

အားလုံးပဲ မင်္ဂလာပါ။ ကတမ်ပါ။
ကတမ် ပြီးခဲ့တဲ့Seriesအတွက် ဇာတ်လမ်းလေးပုဒ်ကို အပြီးသတ်ပြီးတော့ စာရေးတဲ့အလုပ်ကို ခဏအနားယူထားခဲ့ပါတယ်။
ဒီကြားထဲမှာ တခြားသော ဇာတ်လမ်းတစ်ခုကို အစပျိုးထားခဲ့ပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် အချိန်တစ်ခုထိ ရပ်ထားရဖို့ဖြစ်သွားတာမို့ ခုလို ဇာတ်လမ်းအသစ်တစ်ပုဒ်နဲ့ပြန်လာဖြစ်တာပါ။

ဒေါက်တာနိုင်ဝေက အားလုံးနဲ့မစိမ်းတဲ့ဇာတ်ကောင်တစ်ခုလို့ထင်ပါတယ်။ သူ့ဇာတ်ကောင်ကို အသေးစိတ်ရုပ်လုံးမဖော်ခဲ့ဖူးပေမဲ့ စာဖတ်သူတွေချစ်ကြတဲ့ နေချိုမောင်ရဲ့ယောက်ဖ ၊ ခွန်းခွန်းရဲ့ အစ်ကိုကြီးအဖြစ် ပြီးခဲ့တဲ့ ဇာတ်လမ်းတွေမှာ စိတ်ဝင်စားမှုတွေ တော်တော်များများရရှိခဲ့ပါတယ်။

ထူးချွန်တဲ့ အမျိုးသား၊ မိဘတွေအပေါ် သိတတ်တဲ့ မိဘတွေရဲ့ စုပုံမြေတောင်မြှောက်ခြင်းကို ခံထားရတဲ့ သားကြီး၊ အရည်အချင်းကို စစ်မှန်စွာအသုံးချတတ်တဲ့ ဆရာဝန်အဖြစ် အားလုံးသိထားကြတဲ့ သူ့ရဲ့အစစ်အမှန်က ဘာများဖြစ်မလဲ။ ချီးကျူးမှုတွေကို ပုခုံးထမ်းထားရတဲ့ သူ့ရဲ့ ရင်ထဲမှာ လိုအပ်ချက်အစစ်မှန်ကရော ဘာများဖြစ်မလဲ။

ဒီဇာတ်လမ်းထဲမှာ ဒေါက်တာနိုင်ဝေရဲ့ ပါတနာအဖြစ်ပါဝင်လာမဲ့ ကောင်လေးက Come Outလုပ်ထားပြီးသား၊ လိုချင်တာကို စိတ်ရှည်လက်ရှည် အနိုင်ယူတတ်တဲ့ လူငယ်ကန့်လန့်တိုက်လေးပါ။ Background တောင့်ပြီး Family Issueတစ်ခုကြောင့် ရောက်လာရာကနေ ဒေါက်တာနိုင်ဝေ့ကို သူ့ဇာတ်လမ်းထဲက Planတစ်ခုအဖြစ် ဆွဲသွင်းမိသွားတာဖြစ်ပါတယ်။ တစ်နည်းပြောရရင် စာဖတ်သူတွေဆီကို တစ်ခါမှ မိတ်မဆက်ဖူးတဲ့အသစ်စက်စက် ဇာတ်ကောင်လေးပေါ့။

ကတမ် ပြီးခဲ့တဲ့နှစ်တွေမှာ စာရေးရင်း သဘာဝဆန်ဆန်အမြင်တွေ၊ လိုက်ဖက်မှုရှိပါ့မလား၊ အရမ်းများ ပိုလွန်းနေမလားဆိုတာတွေကို ခေါင်းထဲထည့်ပြီး ကိုယ့်ကိုယ်ကိုယ် Manipulate လုပ်တာတွေများခဲ့ပေမဲ့ ဒီဇာတ်လမ်းမှာတော့ ဖြစ်နိုင်တာမဖြစ်နိုင်တွေကို စဉ်းစားမဲ့အစား ကတမ်ရင်ထဲက ခံစားမိတဲ့အရာတွေကိုပဲ ထည့်ရေးဖို့ဆုံးဖြတ်ထားပါတယ်။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now