အပိုင်း-၁၇

7.2K 765 38
                                    

Unicode

"ထူးဆန်းလိုက်တာ သားကြီးအသိထဲ အဲ့လိုပုံစံရှိမယ်ထင်မထားဘူး"

"ဖိုးသားထက်တောင် ငယ်လောက်ဦးမယ်ထင်တယ် ကောင်လေးက"

လင်မယားနှစ်ယောက်သည် အပေါ်ထပ်လှေကားကိုကြည့်ရင်း တီးတိုးစကားများပြောလျက်ရှိကြသည်။ အကြော်ဝယ်ဆိုကာ ထွက်သွားသူက ကိုယ်တစ်ခြမ်း မိုးရွှဲလျက်သားပြန်လာရုံသာမက နောက်ထပ် အပိုလူတစ်ယောက်ပါထပ်ခေါ်လာသည်လေ။ တစ်ခေါင်းလုံးဖြူဖွေးနေသောဆံပင်များက စိုစိကာ၊ နှုတ်ခမ်းတစ်ခုလုံးပြာလျက် ခိုက်ခိုက်တုန်နေသည့်ကလေးကို သူမတို့နှစ်ယောက်စလုံးမရင်းနှီးကြပါ။ သားကြီးရဲ့မိတ်ဆွေတွေအကြောင်း နဂိုကတည်းမသိတာမို့ အဆန်းမဟုတ်ပေမဲ့ ယခုလိုအိမ်တိုင်ရာရောက်ဧည့်သည်ခေါ်လာတာကတော့ ဆန်းနေပြီ။ ကိုယ်တိုင်ပင်အိမ်ပြန်လာခဲသူက သူများကိုအိမ်ခေါ်မလာတာ ဆယ်စုနှစ်ပင်ပြည့်တော့မည်မဟုတ်ပါလား။

"ထားပါလေ။ လောလောဆယ် အကြော်ပါမလာဘူးဆိုတော့ တိုဟူးခြောက်လေးကြော်လိုက်ဦးမယ်။ ရှင်ကရော အခင်းထဲသွားဦးမှာလား"

"မိုးကောင်းနေတုန်းဆိုတော့ နေ့လယ်နေပွင့်မှပဲသွားပါတော့မယ် မိန်းမရာ။ မနေ့ကလည်း ပင်ပန်းထားတာနဲ့"

"အဲ့ဒါကြောင့် တော်ရုံလည်ပါပြောတာကို"

"အော် ခက်လိုက်တာ မင်းနှယ်။ သူ့မယ် ကြုံတုန်းဝင်ရှာတာကို"

"အိမ်ပြန်လက်ဆောင်ရာ ပေးလိုက်ကဲ့လား"

"ပေးလိုက်ပါ့ ... သူကတော့ လက်ဆောင်ထက် သားလိုချင်နေတာ"

ဒေါ်ကြည့်မျက်နှာကွက်ခနဲပျက်သည်။ တိတ်ဆိတ်နေသည့် လှေကားကိုကြည့်ရင်း "မဟုတ်ကောင်းပါဘူး" ဟု သူမတွေးနေမိ၏။ဖိုးသားကိစ္စပြီးကတည်းက ဖြစ်နိုင်ချေရှိတာတွေအားလုံး ခေါင်းထဲရောက်နေတာမို့ ထတစ်ချတွက်ထားလို့မရတာကိုလည်း သိထားသည်။

"ဇွတ်မလုပ်စမ်းပါနဲ့ကိုတိုးရယ် သူ့ဟာသူနေပါလေ့စေ"

"အိုကွာ ဘယ်တုန်းကများဇွတ်လုပ်လို့လည်း၊ ခုလည်း ကောင်းစေချင်တဲ့စိတ်နဲ့ တိုင်ပင်တာပါကွ မိန်းမရ"

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now