အပိုင်း-၂၂

8K 728 21
                                    

Unicode

"အဲ့ဒီအဖွားကြီးမျက်နှာကို မြင်လိုက်ရမှာ။ လုံးဝ အီးမှန်ထားသလိုပါဆို"

"Shit! ငါတော့ပွဲလွတ်သွားတာပဲကွာ။ လောလောဆယ် တစ်ပါတ်လောက်တော့ ဒီမှာနေရဦးမယ်...အား ...."

"မားမားဘွိုင်းလေး တစ်ဖြတ်လုပ်ဦးပေါ့။အဆင်ပြေတော့လည်း ပါးပါးဘွိုင်းပါ ဝင်လုပ်ခဲ့ဦး"

"Fuck! အဲ့ဒီ အဖိုးကြီးအကြောင်း မပြောစမ်းနဲ့။ ရောက်ကတည်းက မျက်စိဒေါက်ထောက်ကြည့်နေတာ အပြင်ကိုမထွက်ရဘူး"

အိမ်မပြန်ချင်လို့ ကလောမှာကပ်နေကာမှ သတင်းအလိုက်ကောင်းတဲ့ မွေးမေမေကျေးဇူးနဲ့ မန္တလေးကို ချက်ချင်းထပြန်လိုက်ရတဲ့ အဲရစ်အသံက ကျိတ်မနိုင်ခဲမရဖြစ်နေသည်။သင်းက ပထွေးကိုအကြောင်းပြ‌ထားပေမဲ့ တကယ်တမ်းကျ ဒီမှာသူပျော်စရာတွေ့နေလို့သာဖြစ်သည်။ ရှင်းနောင်ကို ဒုက္ခတွေပုံပေးကာ အလုပ်လေးလုပ်လိုက် ဇိမ်ခံလိုက်ဖြင့် လောကစည်းစိမ်ယစ်မူးနေရာမှ ရုတ်တရက် ဂုတ်ဆွဲအခေါ်ခံသွားရတော့ အီလည်လည်ဖြစ်နေသည့်ရုပ်ကြီးကို သစ်မှူးခုထိမြင်ယောင်နေပါသေးသည်။

တစ်ဖက်မှာလည်းHtoo Kalawရဲ့ စီမံမှုအပိုင်းကို သစ်မှူးပါ ပူပေါင်းကိုင်တွယ်ရမည့်အကြောင်း တရားဝင်ညွှန်ကြားလာတဲ့ ဖိုးဖိုးအမိန့်ကြောင့် မနေ့ညက ဒေါ်သက်သင်းခိုင်တစ်ယောက် သွေးဆောင့်တိုးကာ လဲမတတ်ဖြစ်သွားခဲ့၏။ ရန်စကားမပြောလာသေးပေမဲ့ ထိုမိန်းမကြီး မကျေနပ်နိုင်တာ သိသာပါသည်။ ဒီမနက်ပဲ ဆေးခန်းဆိုကာ လုပ်ငန်းကိစ္စစကားပြောရန် ရှောင်လွဲသွားသည်ကိုကြည့်ရင် လာမည့်တုန့်ပြန်ချက်တွေက တော်ရုံမဟုတ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းနိုင်သည်။ သစ်မှူးဖက်က တိုက်စစ်ရောခံစစ်ပါ သေချာပြင်ဆင်ထားမှသာ တော်ကာကြပေလိမ့်မည်။

"ဟားဟား ဟိုBroရော လာမတွေ့ဘူးလား"

"နားစမ်းပါ။ သူက ဒီဘက်အိမ်ကို ခြေဦးတောင်လှည့်မှာ မဟုတ်ဘူး။ ဒါနဲ့မင်းက အခုဘယ်မှာလဲ။ အသံတွေက ဆူနေတယ်"

တဝေါဝေါတိုက်နေသည့် လေသံတွေက အဲရစ်ဆီထိကြားရပုံပေါ်ပါသည်။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now