အပိုင်း-၁၁

8.4K 797 80
                                    

Unicode

စခရင်ထက်တွင် ပြေးလွှားနေသောလက်ချောင်းများနည်းတူ သစ်မှူး၏ရင်ဘတ်တစ်ခုလုံးက ဟောဟဲလိုက်လို့နေသည်။ကြည်ရှင်းနေသောလက်ချောင်းထိပ်ကလေးများနှင့် ပွတ်ဆွဲလိုက်တိုင်း မြင်လိုက်ရသောအကြောင်းအရာများက အတော်စိတ်ပျက်စရာဖြစ်၏။ သူများအကြောင်းမို့ပဲ ငါ့စကားနွားရပြောထားကြလေသလားမသိပါ။ သစ်မှူးစုံစမ်းထားသော ဦးလေးသတင်းတော်တော်‌များများဟာ ခံပြင်းစရာတွေချည်းသာဖြစ်နေခဲ့သည်။

'ကုသရေးတစ်ခုမှာ မှားယွင်းစွာဆုံးဖြတ်ခဲ့လို့အတွက် တရားစွဲဆိုခံခဲ့ရတယ်လို့ပြောပါတယ်။ လူနာရှင်ဘက်ကတင်မကဘဲ ဆေးရုံဘက်ကပါ ကုသခွင့်လိုင်စင်ပိတ်ဖို့အထိ တရားစွဲဆိုခဲ့တာပါ။ ဒေါက်တာမိုးမြင့်နိုင်ဝေဘက်က သက်သေအတိအကျနဲ့ ထုချေနိုင်ခဲ့လို့ တရားဥ‌ပဒေအရ အနိုင်ရခဲ့ပေမဲ့ အဲ့ကတည်းက Surgeon အနေနဲ့လျှောက်မဲ့လမ်းကို သူ့ကိုယ်သူတားခဲ့တယ်ထင်ပါတယ်'

'တချို့ အကြီးတွေပြောစကားအရဆိုရင်တော့ အဲ့ဒီအမှုကိစ္စက ဒေါက်တာ့အမှားလုံးဝကင်းတယ်ကြားတယ်။ Assistant က ခေါင်းခံနေရချိန် တကယ့်တာဝန်ခံကတော့ အေးဆေးပဲသွားလာနေခဲ့တာတဲ့။ နောက်ပြီး တိုက်ဆိုင်တာလားမသိပေမဲ့ အဲ့တုန်းက ဒေါက်တာမိုးမြင့်နိုင်ဝေက မဟော်ပရဟိတအဖွဲ့အစည်းကနေ နှုတ်ထွက်ခဲ့တဲ့အချိန်ပါ။ မဟော်ရဲ့အမှုဆောင်ဒါရိုက်တာက လိင်ပိုင်းဆိုင်ရာပြစ်မှုနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းကပဲ အမှုရင်ဆိုင်နေရပါတယ်'

'နောက်ပိုင်း ကလေးမှာကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းအနေနဲ့ တာဝန်ထမ်းခဲ့ပြီး သူ့ဆရာကျန်းမာရေးအရ အနားယူလိုက်ကတည်းက ကလောကိုပြောင်းလာခဲ့တာပါ။ နီးစပ်ရာကတဆင့် ထပ်စုံစမ်းရသလောက်ဆို ဒေါက်တာမိုးမြင့်နိုင်ဝေနဲ့ပတ်သက်တဲ့ အညှီအဟောက်သတင်းတော်တော်များများက လီဆယ်ထားတာတွေများပါတယ်။မိသားစုဘက်ကတော့ ဇယားကင်းတယ်။အဖေနဲ့အမေက ပင်စင်စားတွေ၊ရှိတဲ့ညီတစ်ယောက်က မန္တလေးက ပုဂ္ဂလိကဆေးရုံတစ်ခုမှာအလုပ်လုပ်နေတယ်၊ Come Outသေချာလုပ်ထားတာမရှိပေမဲ့ Gayလို့တော့သိထားရတယ်။ သူ့ Partnerကလည်း Telecommunications Company မှာအလုပ်လုပ်ပြီး အဆက်သွယ်ကောင်းတဲ့မိသားစုကလို့ ကြားထားတယ်။ သားငယ်သိချင်ရင် Family ကိုပါ လိုက်ပေးထားမယ်'

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now