အပိုင်း-၂၅

9.6K 881 90
                                    

Unicode

"နိုင်ဝေ..."

ညှိုးငယ်နေသော မျက်ဝန်းများက ညှို့မှိုင်းနေသော ကောင်းကင်နှင့် အပြိုင်ဖြစ်လျက်။ ပန်းဆီရောင်ပွင့်ကြွေဖတ်များထက် ရပ်နေသူဟာ သူ့ကိုစောင့်နေခဲ့ပုံပေါ်သည်။

"ပြန်လို့ရပြီ"

စူးခနဲရောက်လာသော အကြည့်တွေမှာ နားမလည်နိုင်ခြင်းတွေစွက်နေ၏။ ငွေရောင်ဆံပင်တွေကို လက်နှင့်အသာပွတ်သပ်ချင်စိတ်အားထိန်းရင်း ဒုတိယအကြိမ် နိုင်ဝေထပ်ပြောလိုက်သည်။

"ပြန်လိုက်ပါ ကိုယ့်မှာ ဧည့်သည်ရှိနေလို့"

ပေစောင်းစောင်းနှင့် စက္ကူပန်းရုံအောက်လှည့်ကြည့်ပြီးမှ နောက်ကိုလှည့်ထွက်သွားသူ။ပြိုင်ကားအနီကလေးကိုကျော်ကာ တစ်ဖက်က တည်းခိုခန်းထဲရောက်သွားသည်အထိ နိုင်ဝေရပ်ကြည့်နေခဲ့သည်။ မုန်တိုင်းတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သည့် ပင်လယ်ပြင်အလားသူ့ဦးနှောက်က ကြည်လင်ကာ စိတ်မှာလည်းငြိမ်းချမ်းနေ၏။

ကောင်လေးကို လုံးဝမမြင်ရတော့ပါမှ ခြံဆီဦးတည်ကာ လျှောက်လာခဲ့လိုက်သည်။စက္ကူရုံအောက်မှလူဟာ နိုင်ဝေ့နှင့်နီးလာလေ သူ့လက်တွေသူဆုပ်နယ်ရင်း တုန်လှုပ်နေဟန်ပေါ်လေပင်။

"မတွေ့တာကြာပြီ သူရ"

ပြီးခဲ့သည့် သုံးရက်လုံး အခမ်းအနားတွက်ဆုံခဲ့ကြပေမဲ့ နှစ်ဦးသား မျက်နှာချင်းဆိုင်ဖြစ်ကြတာကတော့ ယခုမှသာဖြစ်ပါသည်။ ဒါကို တစ်ဖက်သူကလည်း နားလည်ပုံပေါ်၏ ။ ခေါင်းကိုငြိမ့်လျက် "အတော်လေးကြာပြီ" ဟုဆိုလာသည်။ အသံမှာ စိတ်လှုပ်ရှားမှုတွေစွက်နေပါသည်။ သူရက ထပ်ဝတ်လာသည့် ဂျာကင်ကိုလက်နှင့်ပွတ်ရင်း ခပ်ယဲ့ယဲ့ပြုံးပြလာခဲ့၏။

"မင်းဆန္ဒကိုမမေးပဲ လိပ်စာစုံစမ်းလိုက်မိတယ် ဆောရီး"

"အင်း ရပါတယ်"

"ကလောမှာ အဆင်ပြေနေတယ်လား"

ခေါင်းငြိမ့်ကာ နိုင်ဝေအဖြေပေးလိုက်သည်။ ဒီကရှေ့လျှောက် အဆင်ပြေဖို့ နိုင်ဝေကြိုးစားတော့မည်။

"နိုင်ဝေ ငါ... ငါ အခု‌တောင်းပန်ရင် မှီပါဦးမလား။ အဲ့ဒီတုန်းက ငါ့ပြောခဲ့တာတွေ..."

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now