Final Chapter

23.5K 1.1K 125
                                    

Unicode

" Htoo Kalaw Opening Ceremony "

တစ်နှစ်ကျော်ကြာပြီးတဲ့နောက် ပြန်လည်ဖွင့်လှစ်ခွင့်ရတဲ့ Htoo Kalaw ဟာ အင်တာနက်သုံးစွဲသူတွေကြားမှာ လတ်တလော နာမည်ကြီးနေသည်။ အရင်က ခေါင်ခိုက်နေသည့်တည်းခိုစရိတ်တွေနေရာမှာ အစားထိုးဝင်ရောက်လာသည့် Htoo Kalaw ရဲ့ "စိတ်သက်သာ လူသက်သာ အကုန်ကျသက်သာစွာ ပျော်ရွှင်မှုကိုရှာ" ဆိုသည့် ဆောင်ပုဒ်အသစ်ကိုလည်း အတော်များများ စိတ်ဝင်စားလျက်ရှိကြ၏။

ပြီးခဲ့သည့်အပါတ် Websites ကတဆင့် ကြိုတင်တင်ထားကြသည့် ဘိုကင်တွေဆိုတာ အပြည့်။ ဖွင့်ပွဲပြီးတာနှင့် ဆက်တိုက်လာတော့မည့် ဧည့်သည်တွေကြောင့် သစ်မှူးအပါဝင် ဟိုတယ်ရှိဝန်ထမ်းအားလုံး အလုပ်နှင့်လက်မပြတ်အောင်ဖြစ်နေကြသည်။ ‌

ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဒေါ်သက်သင်းခိုင်ကြောင့် သူမရဲ့နောက်လိုက်တချို့ပါ အလုပ်ထွက်ကုန်ကြတာမို့ ဝန်ထမ်းအသစ်များစွာကို သစ်မှူးတို့ရှာဖွေခန့်အပ်ကြရသေး၏။ ဤသည်ကပင် အဆိုးထဲကအကောင်းလို့ဆိုရလေမလား နဂို အကပ်နှင့်ရောက်လာကြသည့်လူတွေမှာ အလုပ်ဒဏ်ကိုဆင်ခြေပေးကာ လက်မြှောက်သွားကြပြီး တကယ့် Passionate ဖြစ်သည့် အလုပ်သမားပေါင်းများစွာကို အစားထိုးရရှိလိုက်သည်။ အမြတ်အနေနှင့် ဝန်ထမ်းထိန်းသိမ်းရေး၊ ငွေကြေးစီမံရေး၊ သန့်ရှင်းရေး၊ အဆောက်ဦးပြင်ဆင်ရေး စသည်ဖြင့် သူ့နေရာနှင့်သူ စနစ်တကျဖွဲ့စည်းပြီးဖြစ်သွား၏။

ရှင်းနောင်ကို Assistant Manager အနေနဲ့ခန့်ထားပြီး လုပ်ငန်းနှင့်ပတ်သက်တာကို ပိုသင်ယူစေကာ အဲရစ်ကတော့ content creator တစ်ယောက်အနေနဲ့ သစ်မှူးရဲ့ Marketing Teamကိုကူညီသွားမည်ဖြစ်သည်။ စိတ်မကောင်းစရာကတော့ ကလောမှာအနီးကပ်မဟုတ်ဘဲ စင်္ကာပူကနေတဆင့်သာ ကူညီနိုင်ခြင်းပင်။

တစ်ဦးပိုင် လုပ်ငန်းဖြစ်တာကြောင့် ဘိုးဘိုးနာမည်အောက်က Htoo Kalaw လည်ပတ်ရေးဟာ သစ်မှူအပေါ်အများကြီး မှီခိုထား၏။ ရှင်းရှင်းပြောရရင်တော့ အရွယ်နှင့်မလိုက် ပခုံးလေးလွန်းသည်။သို့သော် စခဲ့ပြီးသားအလုပ်ကို ရပ်လိုက်ဖို့မဖြစ်တာကြောင့် လိမ်ဖယ်လိမ်ဖယ်နှင့် ကမ္ဘာသစ်မှူးတို့ ဒီအထိရောက်လာခဲ့တာပင်။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now