Unicode
"မိုးများရင် ချောင်းရိုးထိရေတက်တော့ မြေသားအရမ်းပျော့တယ်။ ကျွန်တော်ကတော့ ဒီဘက်လွင်ပြင်ပေါ်ကို တက်စေချင်တယ်ရယ်"
"Adventuring sideနဲ့ အရမ်းဝေးသွားရင်ကျ သီးသန့်ကြီးဖြစ်မသွားဘူးလား။ အရင် သတ်မှတ်ထားသလောက်ဆို ထင်းရှူးတောနဲ့ စမ်းချောင်းကြားမှာ တဲတွေထားချင်တာ"
"မရဘူးတော့မဟုတ်ဘူး၊ရေရှည်ကိုပြောတာပါ။မြေအစိုပေါ်မှာ ရင်းထားရတဲ့ပစ္စည်းတွေ ပိုပျက်စီးလွယ်မှာ အဆင်ပြေမလားပေါ့"
စားပွဲထက် မြေပုံအကြမ်းကိုချကာ အာပေါင်းအာရင်းတိုင်တိုင် ထောက်ပြနေသည့် အင်ဂျင်နီယာအဖွဲ့နှင့် ဖြစ်ချင်တာကို မလျှော့တမ်းတောင်းဆိုနေသည့် သစ်မှူး။ Htoo Camping Project စပြီဆိုကတည်းက ထင်းရှူးတောကနေ မထွက်ရစမ်း ရုန်းကန်နေရတာ အခုဆို တစ်ပါတ်ပင်ပြည့်တော့မည်။
ချက်ချင်းအကောင်းထည်ဖော်လိုက်သည့် လုပ်ငန်းဖြစ်တာကြောင့် အထမြောက်ဖို့ကြိုးစားရတာတွေ မနည်းလှ။ တစ်ဖက်မှာလည်း ခွင့်ပြုချက်မရဘဲ ဝုန်းဒိုင်းထကျဲသည့်အတွက် ဖိုးဖိုးရဲ့ ဖိအားကလည်းရှိနေပြန်သည်။ " ဒေါ်သက်သင်းခိုင်နဲ့ ပတ်သက်ခဲ့လို့ ခုလိုတားရသလား" ဆိုသည့် စွပ်စွဲမှုကိုမခံနိုင်၍သာ လွှတ်ထားပေမဲ့ ဖိုးဖိုးဖက်က စောင့်ကြည့်နေတာ သစ်မှူးသိသည်။ဒါကြောင့် ဖွားဖွားတို့မိသားစုမြေ ယိုယွင်းမသွားစေရန် စိတ်ရောကိုယ်ပါနှစ်ကာ အပင်ပန်းခံနေခဲ့တာဖြစ်၏။
မြေကြီးတွေကိုမလိုအပ်ပဲ မတူးဆွဖို့၊ အပင်တွေခုတ်လှဲတာ မလုပ်ဖို့၊ ရေစီးကြောင်းကို မထိခိုက် စေဖို့၊ သဘာဝပတ်ဝန်းကျင်မပျက်စီးဖို့ဆိုတဲ့ ကန့်သတ်ချက်တွေအောက်မှာ အလုပ်လုပ်နေကြရသည့် Construction အတွက်လည်းမလွယ်ပါ။ အဲရစ်အမေမျက်နှာနဲ့ အမြန်ဆုံးချိတ်ဆက်မိ၍သာ သစ်မှူးဆီရောက်လာကြသည်။ အနည်းနဲ့အများတော့ များပြားလှသည့် တောင်းဆိုချက်တွေအောက်မှာ သူတို့လည်း တော်တော်ကို လုပ်ရကိုင်ရကြပ်ကြပါလိမ့်မည်။
"တော်ရုံလည်း Complainတက်ဦး။ ရိုက်ချင်စရာဖြစ်နေဦးမယ်"
Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေတုန်း အဲရစ်က ပေကြိုးလိပ်ကြီးနှင့် အနားရောက်ချလာသည်။သူ့နောက်မှာ ရှင်းနောင်က စာအုပ်နှင့်ဘောပင်ကိုကိုင်လျက် ကပ်ပါလာ၏။
YOU ARE READING
ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)
Romanceကျွန်တော် ဝေါဟာရမကြွယ်ဝပါ။ ဒါကြောင့် အချစ်ကဗျာရေးတဲ့အခါ မည်သို့မည်ပုံရေးရမည်ကို သေချာမသိပါ။ သို့သော် ကဗျာတစ်ပုဒ် ကျွန်တော်ပိုင်ပါသည်။ ကျွန်တော့် နှလုံးသားထဲက အဲ့ဒီကဗျာကိုမူ ကျွန်တော့်ချစ်သူရဲ့အမည်နာမနှင့် ခေါင်းစဉ်တပ်ထားပါ၏။ #BL #Boylove #Myanmar #S...