အပိုင်း-၁၅

8.1K 763 54
                                    

Unicode

"ငါ့ကိုယုံ သူ လုံးဝ မင်းကိုကစားနေတာ Williamရ"

"..."

"ဘိုးတော်ကြီးတစ်ယောက်ကို ကြိုက်မဲ့အစားတော့ကွာ မင်းရုပ်မင်းရည် မင်းပိုင်တဲ့နောက်ခံနဲ့ဆိုရင် ဂေးလောကထဲက အမြင့်ဆုံးဆိုတော့လူတွေအထိ မှန်းလို့ရတာပဲ"

"..."

"ဒီနိုင်ငံမှာ မရတော့ရော ဘာအပူလဲ။ ဒီကမ္ဘာပေါ်က လက်ခံတဲ့နေရာတိုင်းမှာ မင်းရှာလို့ရတယ်။ မရမချင်း ငါမင်းကိုရှာပေးမယ်ကွာ"

"ဟင်း.... မင်းပါးစပ်ကို ဒီတစ်ခွက်လုံးနဲ့ဆို့ထားလိုက်တာကောင်းမယ်ထင်တယ်"

"မင်း အဲ့လို တဇောက်ကန်းဆန်နေလို့မရဘူးလေ"

အာလေးလျှာလေးနှင့်ပြောဆိုနေသည့် အဲရစ်က ရေချိန်တော်တော်လေးကိုက်နေသည့် အခြေအနေ၊ ပြောသမျှကလည်း သစ်မှူးအား တစ်စက်မှအသုံးမကျတော့သည့် သူငယ်နှပ်စားအဖြစ်သို့တွန်းပို့နေသည်။ ဆံပင်လိပ်များကိုလှန်တင်နေသည့် အဲရစ်မျက်နှာက ရဲတွတ်နေပြီ။ နှာခေါင်းကိုဇွတ်အတင်းပွတ်နေတာမြင်ပေမဲ့ သစ်မှူးမတားပဲလွှတ်ထားလိုက်၏။

အခန်းထဲမှာ ရေရှည်ပိတ်ထားလို့မရတဲ့ကောင်ရဲ့ Hi Barကိုမပို့လျှင် ဦးလေးကိုအနှောက်အယှက်ပေးမည်ဆိုသော ခြိမ်းခြောက်မှုကြောင့်သာ လိုက်လာခဲ့ရသည်။သောက်ဖို့အတွက် သစ်မှူးသိပ်စိတ်မပါပါ။ဒီရက်ပိုင်း အလုပ်ကိစ္စအပြင် တွေးစရာတွေများလွန်းလို့ ကိုယ်ရောစိတ်ပါလေးလံနေခဲ့သည်။ တရားခံထဲမှာ ဟောဒီ အဲရစ်ဆိုသည့်အရူးကောင်လည်းပါ၏။ ဒီကောင်က သစ်မှူးနဲ့စကားပြောတိုင်း ဦးလေးရဲ့အသုံးချမှုတွေ ၊ မသိနိုင်တဲ့အကြံတွေ၊ သစ်မှူးစိတ်ကိုကစားပြီး အမြတ်ထုတ်မှာတွေကိုသာ တွင်တွင်ပြောနေတတ်တာကြောင့် ပြောပါများစကားရောက်ဆိုသလိုပဲ သစ်မှူးကိုယ်တိုင်တောင် ယုံထင်ကြောင်ထင်တွေဖြစ်ချင်လာခဲ့သည်။

"သေအောင်သောက်လို့ရတာမို့ စောက်စကားမပြောနဲ့တော့"

ပြောပြီးတာနှင့် အသစ်ချပေးလာသည့်နှစ်ခွက်လုံးကို သူ့ဖက်တိုးပေးလိုက်သည်။ရှေ့မှာလည်း ခွတ်အလွတ်တွေကမနည်းလှ။ လေးငါးခြောက်ခွက်ခန့်ရှိကာ သစ်မှူးသောက်ထားတာ နှစ်ခွက်သာပါသည်။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now