𝗈𝗇𝖾

428 23 0
                                    

သာယာလှတဲ့မနက်ခင်းလေးနဲ့အတူ နားကြပ်လေးတပ်ရင်း Jaehyuk ကျောင်းကို တစ်ယောက်
တည်းထွက်လာသည်။ပုံမှန်ဆို သူတို့အဖွဲ့နဲ့လာပေမယ့် ဒီနေ့ သူက assignment တင်ရမှာမို့ တစ်ယောက်တည်းထွက်လာခဲ့ခြင်း။

" အိုပါး..အိုပါး "

ရှေ့က ကောင်မလေး‌ကြောင့် Jaehyuk နားကြပ်ဖြုတ်လိုက်ပြီး သီချင်းပိတ်လိုက်သည်။

" ဘာပြောစရာရှိလို့လဲ "

" အိုပါးက Jeongwoo အိုပါးကို ကြိုက်နေတာတကယ်လားဟင် ? "

" ဘာ ! "

Yoon Jaehyuk ဆောင်းလယ်ခေါင်မိုးကြိုးပစ်ခံလိုက်ရသလို။ဘယ်လိုလုပ်ပြီး သိသွားတာလဲ !!?

" ဘယ်သူက ပြောလို့လဲ .. ညီမ "

Jaehyuk အတတ်နိုင်ပြီး ပြုံးကာမေးလိုက်သည်။ဒါ So Junghwan ရဲ့ ရည်းစား လက်ချက်ပဲဖြစ်ရမယ်။

" ညီမတို့ အတန်းကကောင်မလေးတွေက ကျောင်းရဲ့နေရာတိုင်းမှာ ပုံတွေကပ်နေလို့ ညီမက မေးတော့ Senior Doyoung ကိုယ်တိုင်ပြောတာဆိုပြီး လုပ်နေကြတာပဲ .. ဟုတ်လားဟင်
အိုပါး "

" ဖြစ်ကောင်းဖြစ်နိုင်ပါတယ် .. ကိုယ် assignment တင်စရာရှိလို့ သွားလိုက်ပါဉီးမယ် "

Jaehyuk ခပ်သုတ်သုတ်ပင် ထိုနေရာမှထွက်လာခဲ့သည်။အတွေးထဲမှာတော့ " Park Jeongwoo မလာခင် ငါဘယ်လိုရှောင်ရမလဲ "

​ကျောင်းတက်တော့ အခန်းထဲမှာ Park Jeongwoo ကလွဲအကုန်ရောက်နေသည်။Jaehyuk assignment ရေးနေရင်း စိတ်ကိုအတတ်နိုင်ဆုံး လျှော့ထားရသည်။Park Jeongwoo ကိုသူက ဘာလို့ကြောက်ရမှာလဲ။

ဒုန်း

" အမလေး ! "

Jaehyuk လန့်သွားသည်မှာ တကယ်။သူမပြောနဲ့ အတန်းပိုင် ဆရာမပါလန့်တယ်။

" Yoon Jaehyuk မင်းငါ့ကို ကြိုက်နေတာမလား "

Fighting Yoon Jaehyuk မင်းလုပ်နိုင်ပါတယ်

" အင်း ထင်ချင်သလိုထင် "

Jaehyuk အဖြေကြောင့် တစ်တန်းလုံးနဲ့ ဆရာမအကြည့်တွေက သူ့စီမှာ အားး ဘာလို့လာကြည့်နေကြတာလဲ

" ငါက မင်းကိုမကြိုက်ဘူးနော် မင်းက ငါ့ သူငယ်ချင်းပဲ "

Jaehyuk ရဲ့ ဝဲဘတ်ရင်အုံကနာလာသည်။ပြောရက်လိုက်တာ မကောင်းတဲ့ကောင် Park Jeongwoo!!

𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed] Where stories live. Discover now