𝖿𝗈𝗎𝗋𝗍𝖾𝖾𝗇

161 12 2
                                    

" ဖြောင်း "

လည်ထွက်သွားတဲ့ မျက်နှာနဲ့အတူ သူမရင်ဘတ်ထဲမှလည်း အတော့်ကိုနာကျင်လှသည်။အနက်ရောင်suitကိုဝတ်ဆင်ထားတဲ့ အမျိုးသားက ထိုကဲ့သို့လည်း ခပ်မိုက်မိုက် နေတတ်သေးသည်တဲ့လေ။ပြီးတော့ ရက်စက်တတ်သေးသည်တဲ့လား ?

" ဟက် .. ရှင်က အရမ်းဒေါသထွက်နေတာပဲ "

မျက်နှာပြောင်တိုက်လွန်းလှတဲ့ သူ့ရှေ့က မိန်းမရဲ့မျက်နှာအား Jaehyuk လက်ဖြင့် ဖျစ်ညှစ်လိုက်သည်။

" မင်းကိုမင်း သိပ်ဟုတ်လှပြီထင်နေတာလား ? Lee Eunie "

" Park Jeongwoo က အရမ်းစွဲလမ်းဖို့ကောင်းတယ်ဆိုတာ ရှင်သိရဲ့လား ? Jaehyuk "

" တောက်ခ် "

ကျယ်လောင်တဲ့ တောက်ခ်ခေါက်သံနဲ့အတူသူမ ခပ်ညစ်ညစ်ပြုံးလိုက်မိသည်။

" ရှင်သိရဲ့လား Park Jeongwoo က ကျွန်မကို အရမ်းသဘောကျတာ "

" မင်းစောက်ပါးစပ်ကို ပိတ်ထားလိုက်တော့ Lee Eunie .. ငါမင်းကို မသတ်နိုင်ပေမယ့် စုတ်ပြတ်သတ်သွားအောင် လုပ်ဖို့တော့ ဝန်လေးနေမှာမဟုတ်ဘူး "

" ရှင်သတ်ရင် ကျွန်မ ကလေးကသေသွားမှာပေါ့ ။ အဲ့တာဆို Jeongကလည်း ရှင့်ကိုအနည်းငယ် စိတ်ခုသွားမယ်ထင်တယ်နော် ဟက် "

Ring ring

Lee Eunie ပါးစပ်အား တိပ်ဖြင့်ကပ်ကာ ဖုန်းကိုယူပြီး ခပ်ဝေးဝေးကိုလာခဲ့လိုက်သည်။အဝင်ကောလ်လက်ခံလိုက်သည်နဲ့ ထွက်ပေါ်လာတဲ့ Jeongwoo အသံ။

" ဟယ်လို Jae ! ဘယ်ရောက်နေတာလဲ ? "

အသံချိုချိုလေးကြောင့် Jaehyuk လိမ်ဖို့ရာပင်ခက်ခဲလှသည်။

" ငါ .. Kim .. Kim Junkyu စီရောက်နေတာ Jeongwoo "

" မောင့်ကို ပြောသွားမှပေါ့ Jae ရာ .. အန်တီကတောင် စိတ်ပူနေတာ "

" မေမေနဲ့ အဆင်ပြေရဲ့လား ? "

" အန်တီက Lee Eunie နဲ့တွေ့ချင်တယ်တဲ့ ။ အဲ့တာကို မောင် စီစဉ်ပေးမှာမို့ Jae စိတ်မပူနဲ့ .. အခုKim Junkyu အိမ်ကို မောင်လာခေါ်ပေးရမလား ? "

" လာမခေါ်နဲ့ .. ဟို လာမခေါ်လည်းရတယ် ။ ငါခုပဲပြန်လာတော့မှာ "

𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed] Where stories live. Discover now