𝖾𝗅𝖾𝗏𝖾𝗇

161 18 4
                                    

" အချစ်လေး ပူတူးလေး မောင့်အသဲအသက်လေး "

စလာပါပြီ အရှက်မရှိ နစ်နိမ်းတွေ။Park Jeongwoo ကိုသူတကယ်မနိုင်ဘူး။မနက်အိပ်ယာနိုးတည်းက အခုထိ ကပ်ချွဲပြီးတမောင်တည်းမောင်နေတာ။မသိရင် အချဉ်ပေါင်းရောင်းနေသလိုပဲ။

" မင်း .! ဘာဖြစ်နေတာလဲ ? မနက်ခင်းလုံး "

" ချစ်ချင်နေတာလေ .. Jae မသိဘူးလား ? "

သူ့စကားကြောင့် ချက်ချင်း နားရွက်ဖျားလေးတွေရဲသွားတဲ့ သူ့အချစ်ကလေးက Park Jeongwoo ရဲ့ ရှင်သန်ရာလေးလည်း ဖြစ်နေရော။

" သွားဘ! အလုပ်သွားလုပ်တော့ အဖွဲ့မတူဘဲ ငါ့ကို လာအီနေတယ် "

နဖူးပေါ် ဝဲကျနေတဲ့ အနက်ရောင် ဆံပင်ခွေပျော့ပျော့တွေအား လက်နဲ့သပ်တင်ရင်း နှုတ်ခမ်းကိုက်ကာ ပြောလာတဲ့ သူ့ဘေဘီကငေးချင်စရာလေး။အဲ့တာကြောင့် စိတ်မချနေရတာ Park Jeongwoo မှားသလား။

" ကြည့်ကြည့် ဘေဘီက ဒီလောက် ချစ်ဖို့ကောင်းနေတာ မောင်က .. ဘယ်စိတ်ချမလဲလို့ ! "

" ဟမ်း .. တော်တော်! ငါလုပ်စရာတွေရှိသေးတယ် "

မနေ့က အလုပ်အကုန်ပြီးသွားသော်လည်း လုပ်လက်စနဲ့ တစ်ခါတည်း ကူညီပေးကြမယ်ဆိုပြီး ရွာထဲက မိဘမဲ့ကျောင်းလေးကို လှူဖို့ရာသူတို့တွေဆုံးဖြတ်ချကြသည်လေ။

Jeongwoo ကတော့ မျက်နှာရှုံ့ကာ "ဘာလို့ အဖွဲ့မတူရင် မရတာလဲ ? "ဆိုတဲ့ စကားကို မျက်ဝန်းမှ ဖော်ပြနေသည်။Jaehyuk အသံထွက်သည်အထိ ရယ်ကာ-

" ဟွန်း ကလေးကြနေရောပဲ ။ လာ လာ သွားကြစို့ နောက်ကြနေမယ် "

" ဟုတ်ကဲ့ပါဗျာ့ "

သိပ်မဝေးသည်မို့ အကုန်လုံးကလမ်းလျှောက်ပြီး သွားကြ၏။တစ်ခြားလူတွေအကုန် ရောက်နေပြီဖြစ်သော်လည်း သူတို့က အခုမှ တည်းတဲ့နေရာမှ ထွက်မှာဖြစ်သည်။ဆန်အရက်ရဲ့ ကောင်းကျိုးလေးတွေ။

ရွာထဲဆိုပေမယ့် ကွန်ဂရစ်လမ်းလေးခင်းထားသည်မို့ လမ်းလျှောက်ရတာ အဆင်ပြေလှသည်။ရွာထဲမှာလည်း အကုန်လုံးက စိုစိုပြေပြေနဲ့နေချင်စရာလေး။

ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရတဲ့ လက်ကြောင့်အတွေးစတွေပျက်သွားသည်။တရားခံကတော့ နှစ်ယောက်မရှိတဲ့ Park Jeongwoo။

𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed] Where stories live. Discover now