ဗုန်း
" အိုမား ! "
စားပွဲခုံကို အလန့်တကြားပုတ်ကာ ထိုင်ချလာတဲ့ Yoon Jaehyuk ကြောင့် Junkyu မှာလန့်ရုံမှအပ ဘာမှမပြောနိုင်။
" Hyung ! "
Junkyu နှုတ်မှအလန့်တကြား နာမည်ထွက်သွားသည်။Jihoon Hyung က ဘယ်လိုလုပ်ကျောင်းကိုရောက်လာတာလဲ။
" Jaeလေး ခုနက ကောင်လေးက ဘယ်သူလဲ ? "
" အဲ့တာ သူကြိုက်နေတဲ့ကောင်လေး Park Jeongwoo .. Hyung နဲ့ငယ်ငယ်က အမြဲ Yoon Jaehyuk ကိုလုတဲ့ကောင်လေး "
Jaehyuk တောင်ဘာမှမပြောလိုက်ရဘဲ အကုန်ရှင်းပြသွားတဲ့ Kim Junkyu ကစပ်ဖြီးဖြီးနဲ့ပင်။
" Park Jeongwoo ? အဲ့ဝံပုလွေပေါက်က ကိုယ်နီးပါးထွားလာတာပဲ .. ဒါနဲ့ Jae က သူ့ကိုကြိုက်နေတာလား ? "
" ဟုတ်တယ် Jihoonie Hyung "
" ဒါနဲ့နေပါဉီး Hyung ကဘာလို့အလောတကြီး Korea ကိုပြန်လာတာလဲ "
" မင်းကောင်လေးကို လာကြည့်တာ ! "
" အပိုတွေပြောပြန်ပါပြီနော် ဟွင်း Kim Junkyu တို့မသိရင်ခက်မယ် "
" Jae Jae ဒါဆိုကိုယ်ပြန်ဉီးမယ် အလုပ်ကိစ္စရှိသေးလို့ အပြန် ကိုယ်လာကြိုရမလား ? "
" ရပါတယ် .. အားနာစရာကြီး "
" မငြင်းပါနဲ့ Jaehyuk ရာ ငါ့Hyungက စေတနာတွေအရမ်းပါနေတုန်း လက်ခံလိုက် "
" ဆောရီး Hyung ကျွန်တော်နေ့လယ်ကြ Jeongwoo အိမ်သွားရဉီးမှာမို့ "
Jaehyuk အတတ်နိုင်ဆုံးပြုံးပြလိုက်သည်။Park Jeongwoo စီစာအုပ်သွားပေးရဉီးမှာမလား။ဘယ်လောက်ပဲပြဿနာဖြစ်ဖြစ် ပေးရမှာက ပေးရမှာပဲလေ။မဟုတ်ရင် Park Jeongwoo က စာလုပ်မှာမဟုတ်ဘူးဆိုတာ သူသိသည်။
" နည်းနည်းစိတ်မကောင်းဖြစ်ပေမယ့် ဒါဆို Jaeလေး အဆင်ပြေတဲ့နေ့မှ လာကြိုမယ် Bye ! "
" ဟုတ်ကဲ့ Jihoonie Hyung "
Jihoonie Hyung ထွက်သွားတာနဲ့သူ့နောက်ကျောက အင့်ခနဲပင်။တရားခံကတော့Kim Junkyuသာ
" ဘာတုန်းကွ နာတာကို "
Jaehyuk နောက်ကျောကိုပွတ်ရင်း မကျေမချမ်းပြောမိသည်။
" မင်း Park Jeongwoo ကိုစိတ်မဆိုးဘူးလား ? "
" စိတ်ကူးထဲတောင်မရှိဘူး .. မင်းကြည့်နေလိုက် ညနေကြရင် Park Jeongwoo ကိုယ်တိုင်ငါ့ကိုအတူတူပြန်ဖို့ပြောလိမ့်မယ် "
YOU ARE READING
𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed]
Fanfiction𝖯𝖺𝗋𝗄 𝖩𝖾𝗈𝗇𝗀𝗐𝗈𝗈 + 𝖸𝗈𝗈𝗇 𝖩𝖺𝖾𝗁𝗒𝗎𝗄