ဆောင်းရာသီရဲ့ ခပ်အေးအေးလေတွေက ပတ်၀န်းကျင်ကို အုပ်မိုးထားသည်။
ဟန်မြစ်နားက ခုံတန်းလေး၌
အထက်တန်းကျောင်းသားလေး နှစ်ယောက်ထိုင်ကာ ဆိုဂျူသောက်နေကြ၏။" ရားး ပြန်ကြမယ်လေကွာ ။ မနက်ဖြန် ငါRutoနဲ့တူတူအစောကြီးလျှောက်လည်မလို့ပါဆို "
" Junkyu ya .. အေ့ မင်းကပါ ငါ့ကို မခင်တော့ဘူးလား "
သူ့ရှေ့ကမူးနေတဲ့ Yoon Jaehyuk ကိုကြည့်ရင်း Junkyu ခေါင်းမူးလာသည်။Park Jeongwoo ပေးသမျှ ဒဏ် သူ့ထံလာမည်လို့များ ကျိန်စာတိုက်ခံထားရသလားပဲ။Park Jeongwoo ရှေ့ကြ ဘာမှစောက်ဂရုမစိုက်တဲ့ပုံနဲ့ ခုကြ ဖြစ်ပျက်နေတာ ကျောင်းကလူတွေများမြင်ရင် Roll No.1 ကျောင်းသား Yoon Jaehyuk ဆိုတဲ့ စာဂျပိုးနဲ့ မိုးနဲ့မြေလို ကွာတယ်လို့ပြောလိမ့်မည်။
" Jaehyuk ya ဒီမှာကြည့်ဉီး ။ ဒါဘယ်နှစ်ချောင်းလဲဆိုတာတောင် မင်းမသိတော့ဘူးမလား ? သောက်ထားတာလည်းကြည့်ဉီး ။ မနက်ကြမှ ကျောင်းမလာနိုင်ဖြစ်နေမယ် "
ခုံပေါ်မှာ စီစီရီရီထောင်ထားတဲ့ ဘီယာဘူးခွံများကိုကြည့်ပြီး Junkyu ကငြီးတွား၏။စုစုပေါင်း ဆယ်ဘူးရှိတာ Kim Junkyu က တစ်ဘူးတောင်မကုန်သေး။ဒင်းကတော့ တစ်ယောက်တည်းကို ကြွက်တွင်းထဲ ရေလောင်းချသလို တစ်ဘူးပြီးတစ်ဘူး သောက်နေသည်။
" Junkyu Hyung .. ငါ Park Jeongwoo ကိုရင်ခုန်တတ်စအရွယ်ကတည်းကကြိုက်တာ .. အေ့ မင်းအသိပဲ ..အေ့ "
" အေးပါကွာ သိပါတယ် ။ ငါနဲ့လည်း အဲ့ကောင်မင်းကိုပြန်ကြိုက်မှအေးမှာ.. "
" ဟင့်ဟင့် "
" ဟာ .. Jaehyukie မငိုနဲ့လေကွာ ။ ရူးချင်တယ် ရူးချင်တယ် ငါ့မှာလည်း မသောက်ရဘဲ မင်းကိုထိန်းရဉီးမယ် ။ ငါပါရောငိုလိုက်တော့မယ် "
" Park Jeongwoo မကောင်းတဲ့ကောင်ကြီး .. အီးဟီး "
" အေးပါကွာ ငါပဲမကောင်းတာ သေအောင်သောက်နေတော့တာပဲ ! "
ခပ်အောအောထွက်လာတဲ့ အသံကြောင့် Junkyu အကူအညီရပြီမှန်းသိလိုက်သည်။
" ရားး အစောတည်းကလာရင်ပြီးနေတဲ့ဟာကို အခု မင်းဟာလေး သောက်နေတာကိုလည်းကြည့်ဉီး ။ ငါ့မှာ Ruto နဲ့တောင် vc မပြောရသေးဘူး "
YOU ARE READING
𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed]
Fanfiction𝖯𝖺𝗋𝗄 𝖩𝖾𝗈𝗇𝗀𝗐𝗈𝗈 + 𝖸𝗈𝗈𝗇 𝖩𝖺𝖾𝗁𝗒𝗎𝗄