𝖿𝗈𝗎𝗋

206 19 0
                                    

Jaehyuk အခန်းထဲဝင်လာတော့ စာသင်ခုံပေါ်မှောက်အိပ်နေတဲ့ Park Jeongwoo ကစီးကြိုလျက်။နေမကောင်းဖြစ်နေတာလား။

" နေမကောင်းဘူးလား Jeongwoo "

" ကောင်းတယ် .. မင်းစာအုပ်တွေငါ့အိတ်ထဲမှာယူလိုက် "

မှောက်အိပ်နေရာမှ မထပဲ ခပ်အေးအေးပြောလာတဲ့ Jeongwoo

" အင်းအင်း "

ခုံပေါ်မှောက်အိပ်နေတုန်းဖြစ်တဲ့ Jeongwoo ကြောင့် Jaehyuk တိတ်တိတ်နေဖို့သာတွေးထားသည်။

တီ တီ တီ

" Jeongwoo မင်းဖုန်းလာနေတယ် ရော့ "

" ကိုင်လိုက် ငါမှေးဉီးမယ် "

" ဟမ် အေးအေး "

Jaehyuk ဖုန်းကိုနားနားကပ်ကာ "Hello"ဟူ၍ပြောဖို့ပြင်လိုက်သော်လည်း ဖုန်းတစ်ဖက်မှ
ခပ်ချွဲချွဲအသံကထွက်လာသည်။

" Jeong .. ညီမတကယ် Sorry ပါလို့ နောက်ခါ Jeong မကြိုက်ရင်လေ Yoon Jaehyuk အကြောင်းမကောင်းမပြောတော့ဘူးနော် ။ Jeong စကားလေးပြန်ပြောပါဉီး "

Jaehyuk ဘာစကားမှမဆိုနိုင်တော့ဘဲ ဖုန်းကိုသာကိုင်ထားလျက်သား။သူဘာပြန်ပြောရမလဲတောင် မေ့သွားသည်။

" ဘယ်သူဖုန်းဆက်လို့လဲ ? ခေါင်းကိုက်နေလို့လား Jaehyuk "

သူ့လက်ထဲက ဖုန်းကိုယူသွားပီ ခပ်လှမ်းလှမ်းသွားပြီး ဖုန်းပြောနေတဲ့ Park Jeongwoo ကို သူတအံ့တသြကြည့်နေမိသည်။နေပါဉီး Park Jeongwoo ရဲ့အကြည့်တွေက တစ်မျိုးပဲ။

Jeongwoo ကအရင်ကတည်းက သူ့ကိုသဲသဲလှုပ် ဂရုစိုက်သူဖြစ်သည်။မနေ့ကစကားတွေကြောင့် သူJeongwooကိုစိတ်ဆိုးမိသည်မှာလည်းအမှန်။ဒါပေမယ့် Jeongwooက အခုပုံမှန်လိုပြန်ဆက်ဆံနေပြန်သည်။

အတွေးတွေရပ်စမ်း Jaehyuk ရာ Jeongwoo က မင်းကိုသူငယ်ချင်းလိုတွေးပြီးပြန်ဂရုစိုက်နေတာကို ဘာအရူးထနေမိတာလဲ။

" Jaehyuk ! "

" ဟင် ဟင် "

Jaehyuk အလန့်တကြားမော့ကြည့်မိတော့ မျက်ဝန်းညိုညိုတွေနဲ့ အကြည့်ချင်းဆုံမိသွားသည်မို့ အမြန်အကြည့်လွဲကာ စကားဆက်ဖို့ပြောရသည်။

" ဘာဖြစ်လို့လဲ ? ဘာလို့အလန့်တကြားအော်နေတာ "

" ညနေငါနဲ့အပြင်လိုက်ခဲ့ ! "

𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed] Where stories live. Discover now