ပုံမှန်ထက် တိတ်ဆိတ်နေတဲ့ စာသင်ခန်းထဲ၌ Jaehyuk အပါဝင် ကျောင်းသား/သူ အနည်းငယ်မျှသာရှိသည်။Jaehyuk သူငယ်ချင်းတွေကတော့ မလာသေးဘူး
။ ဒီနေ့ မောင်က U.K. ကို သွားမှာဆိုတော့ လိုက်ပို့ပေးနေကြတာဖြစ်မယ်။" Jaehyuk ! Jeongwoo က ဒီမနက်လေယာဉ်နဲ့ U.K. ကိုသွားတော့မှာ .. မင်းအခုလိုက်သွားရင် မှီနိုင်သေးတယ် "
အလောတကြီး လာပြောသည့် Doyoung ကို Jaehyuk " ဪ " လို့သာ တုန့်ပြန်လိုက်သည်။Junghwan ကလည်း ထိုတုံ့ပြန်မှုကို အလိုမကျသည့်ပုံစံ။သူကိုယ်တိုင် ဒီလိုသွားအောင် စီစဉ်ခဲ့တာကို ဘာလို့လိုက်ပြီး တားနေရမှာလဲ ?
" Yoon Jaehyuk ! မင်းလွန်တယ် .. ဒီတစ်ခါတော့ငါ့အမြင်မှာ မင်းလွန်တယ် "
" အင်း "
တောက်ခ်
Doyoung ရဲ့ တောက်ခ်ခေါက်သံကြောင့် အတန်းထဲက လူတွေစီမှ တီးတိုးသံများပါ ထွက်လာတော့သည်။
" ကိုကို .. စိတ်လျှော့ဉီး အခုက စာသင်ခန်းထဲမှာ "
Junghwan က သူငယ်ချင်းတွေမို့ ပြဿနာမဖြစ်စေချင်၍ ပြေရာပြေကြောင်းပြောပေးသည်။Doyoung က ခုံကို လက်ဖြင့်ထု၍
" ငါသိတဲ့ Jaehyukက ဘယ်ရောက်သွားတာလဲကွာ "
" ငါ့ကို ဘာမှလာမပြောနဲ့တော့ Doyoung။သူသွားပါစေ ၈နှစ်က ခဏလေးပါပဲ "
" မင်းနောင်တမရပါစေနဲ့လို့ ငါဆုတောင်းပေးတယ် Jaehyuk ရာ "
Jaehyuk ဘာမှပြန်မပြောဘဲ ပြတင်းပေါက်အပြင်ကိုသာ ငေးကြည့်နေလိုက်သည်။၈နှစ်ပါပဲ မောင်ပြန်လာမှာကို ငါယုံတယ်။
.
.အင်ချွန်းလေဆိပ်
လိုက်ပို့တဲ့ သူငယ်ချင်းတွေအား Jeongwoo နှုတ်ဆက်ရင်း Jae များ ကွယ်ရာက ကြည့်နေမလားဆိုသည့် အတွေးကြောင့် မျက်လုံးများဟာ တောင်ကြည့်မြောက်ကြည့်နဲ့ဖြစ်နေတော့သည်။မေမေကတော့အထက်တန်းမပြီးခင်ကတည်းက သူမနဲ့ခွဲနေချင်ပြီပေါ့ဟုပြောပြီး မနေ့က တစ်ညလုံးလည်း ငိုထားသည်မို့ ဒီနေ့ Jeongwoo ကို လိုက်မပို့ခိုင်းဘဲ နေရစ်စေလိုက်သည်။ဒယ်ဒိကလည်း မင်းပြန်လာတာနဲ့ ငါက ဂတိတည်မှာပါတဲ့လေ။
YOU ARE READING
𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed]
Fanfiction𝖯𝖺𝗋𝗄 𝖩𝖾𝗈𝗇𝗀𝗐𝗈𝗈 + 𝖸𝗈𝗈𝗇 𝖩𝖺𝖾𝗁𝗒𝗎𝗄