𝗇𝗂𝗇𝖾

202 15 11
                                    

မနက်ခင်းနေရောင်ခြည်ဖျော့ဖျော့က အခန်းတွင်းသို့ဝင်လာသည်နှင့် Jaehyuk နိုးလာတော့သည်။နိုးနေသော်လည်း သူ့မှာထ၍မရ။တရားခံကတော့ အတင်းဖက်ထားတဲ့ Park
Jeongwoo။လက်နဲ့ မှီလောက်မဲ့ ဖုန်းကိုယူ၍ နာရီကိုကြည့်တော့ 5:30။

" Jeongwoo .. လွှတ်ဉီး "

" အင်းမ်း .. စောသေးတယ်မလား ? "

" 5:30 ဖြစ်နေပြီလေ .. မစောတော့ဘူး ။
မင်းအိပ်ချင်ဆက်အိပ်နှင့် ငါထတော့မယ် "

" အွန်း .. ကိုကိုပြီးရင် ငါ့ကိုလာနှိုး "

" အင်းအင်း "

ထိုမှသာ လွှတ်ပေးပြီး ဟိုဘက်ကို လှည့်ပြန်အိပ်သွားတဲ့ ကောင်လေးကြောင့် Jaehyuk လည်း ထကာရေချိုးခန်းထဲသို့။သူ ရေချိုး၊အဝတ်စားလဲပြီးသည်အထိ Jeongwoo ဟာမနိုးသေး။

" Jeongwoo .. ထတော့ 7:00 အ​ရောက်သွားရမှာ "

" ခဏ ထပ်အိပ်ဉီးမယ် "

" ရား မရဘူး မင်းကပြီးရင် အကြာကြီးပဲ ! ကလေးလို ဂျစ်မနေနဲ့ "

" မောင်လို့ခေါ်ရင် ထမယ် "

" ဟမ် ! တော်တော် မထရင်နေ ငါကချန်ခဲ့လိုက်မှာပဲ "

မျက်နှာတွေရဲကာ ချက်ချင်း သူ့ခရီးဆောင်အိတ်ကိုဆွဲ၍ ထွက်သွားတဲ့ ကိုကိုက ချစ်စရာအတိ။

အိပ်ယာပေါ်မှ ခုန်ဆင်းကာ ရေချိုးခန်းသို့။သူရေချိုး၊အဝတ်စားလဲပြီး အောက်ကိုဆင်းလာတော့ မိုးဖိုချောင်မှာ ရပ်နေတဲ့ သူ့အချစ်လေး။Jeongwooလည်း ခြေသံလုံအောင်သွားကာ နောက်ကျောမှ သိုင်းဖက်လိုက်သည်။

" အင့် .. "

" ဘာတွေလုပ်နေတာလဲ ဘေဘီ "

" ပေါင်မုန့်နဲ့ ယိုသုတ်လုပ်ပေးမလို့ ..ဖယ်ဉီး "

" ဟင့်အင်း ဒီတိုင်းလုပ်လည်း ရတယ်လေ "

Jaehyuk တကယ်လက်လန်နေပါပြီ။နေ့ချင်းညချင်း ချွဲတတ်လာကာ အချိန်ရရင်ရသလိုလူအနားကပ်ချင်နေတဲ့ ကောင်လေးက အခုလည်း ပြောမရပေ။

" Jeongwoo .. သွားထိုင်နေတော့ ယိုသုတ်ပြီးရင် ရပြီ "

" အိုကေ မွ "

သူပါးကို လျှပ်တပျက်နမ်းကာ သူမဟုတ်သလိုခုံမှာသွားထိုင်နေတဲ့ ကောင်လေးကို သူတကယ်မနိုင်။

𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed] Where stories live. Discover now