{A little warning} 14+
If you're not over 14 don't read this part
နေရောင်ကောင်းစွာကျရောက်နေသည့် အခန်းထဲ၌ စာဖတ်နေသူက Jeongwoo ရဲ့ တစ်ဉီးတည်းသော ချစ်ရသူလေး။
Jeongwoo အခန်းတံခါးကို အသာယာတွန်း၍ စာဖတ်နေသူ၏ ဘေး၌ ၀င်ထိုင်ကာ ကိုယ်တိုင်လှီးထားသည့်သစ်သီးတွေ ထည့်ထားသော ပန်းကန်လေးကို ချပေးလိုက်သည်။" မောင် ? "
" ဗျာ "
မွ
ရုတ်တရက်လာနမ်းသည့် အမျိုးသားငယ်ကြောင့် Jeongwoo မှာ ကြောင်အသွားရပြန်သည်။
" အလိုက်သိလို့ ဆုချတာ "
ထိုမျှသာပြောပြီး စာဆက်ဖတ်နေသည့် ချစ်ရသူကြောင့် အို့တို့အန်းတန်းဖြစ်ရသူက Jeongwoo ။
" မောင့်ကို ဒီလောက်လေးနဲ့ ကျေနပ်စေချင်တာလား ? အချစ်လေး "
" မင်းနော် ! "
ချစ်ရသူ၏ မသိမသာဆူထော်သွားသော နှုတ်ခမ်းလေးအား Jeongwoo လျင်မြန်စွာ သိမ်းပိုက်လိုက်သည်။တဖြည်းဖြည်းနှင့် ပြင်းထန်လှသည့် အနမ်းယာဉ်ကြောကြောင့် Jaehyuk ၏ လက်ထဲမှ စာအုပ်လေးသည်လည်း ကြမ်းပြင်နှင့် မိတ်ဆက်သွားရသည်။Jaehyuk နှုတ်ခမ်းတွေအား မလွှတ်တမ်းသိမ်းပိုက်လာသူကြောင့် လက်တွေသည်လည်း သူ့အလိုလို အမျိုးသားငယ်၏ ပုခုံးကို တွယ်ဖက်လျက်သား။
" မောင်တို့ .. "
အနမ်းတွေကို ခဏရပ်၍ Jaehyuk လည်တိုင်ကို နှာတံဖြင့် ပွတ်ဆွဲနေသူစီက ထွက်ပေါ်လာသည့် အသံလေးအဆုံး Jaehyuk မောဟိုက်လျက်ဖြင့်-
" မောင့်သဘောပဲ .. ဆက်သွားလို့ရတယ် မောင် "
ခွင့်ပြုချက်ရသည်နှင့် ပြန်လည်စတင်လာသည့် အနမ်းတွေက ခုနကထက် ပို၍ ပြင်းထန်နေသည်။နမ်းလျက်ဖြင့် Jaehyuk ခါးကို ဖက်၍ sofa ပေါ်သို့ လဲချလိုက်သည်မို့ Jaehyuk ၏ လက်တွေက ထိုအမျိုးသားငယ်၏ ပုခုံးကို ဒုတိယအကြိမ် ဖက်တွယ်မိပြန်တော့သည်။
" နာရင် မောင့်ကို ကိုက်လို့ရတယ် .. ဟုတ်ပြီလား ? "
အပေါ်မှ အုပ်မိုးထားသောသူ၏ စကားကြောင့် Jaehyuk ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။တတိယအကြိမ်စတင်လာသည့် အနမ်းတွေက နူးနူးညံ့ညံ့မို့ Jaehyuk နမ်းနေရင်းပြုံးလိုက်သည်။
နမ်းနေရင်း လှုပ်ရှားလာသော မောင့်လက်တွေကြောင့် Jaehyuk ခန္ဓာကိုယ်၌ ၀တ်စလစ်ဖြစ်သွားတော့သည်။ထိုနည်းတူ မောင်သည်လည်း Jaehyuk ကြောင့် ၀တ်စလစ်ဖြစ်သွားရတော့သည်။
YOU ARE READING
𝐈 𝐋𝐨𝐯𝐞 𝐔 𝐁𝐮𝐭 𝐈 𝐃𝐨𝐧'𝐭 𝐂𝐚𝐫𝐞 𝐮𝐫 𝐏𝐫𝐨𝐛𝐥𝐞𝐦 [Completed]
Fanfiction𝖯𝖺𝗋𝗄 𝖩𝖾𝗈𝗇𝗀𝗐𝗈𝗈 + 𝖸𝗈𝗈𝗇 𝖩𝖺𝖾𝗁𝗒𝗎𝗄